Part(16)

2K 173 0
                                    

Unicode

"Jennie ကိုယ်......"

ဖွင့်မပြောသေးပါဘူးလေ သူမကကိုယ့်ကြောင့် ငိုထားရတယ်မလား
ပင်ပန်းနေရောပေါ့ အနည်းဆုံးတော့မင်း
ရင်ထဲမှာ ရှိနေတဲ့သူကို သိလိုက်ရပြီပဲ ဟဲဟဲ
ကိုယ်ကျေနပ်ပါတယ်။

"ကိုယ်တို့ သွားအိပ်ကြရအောင်လေ
မိုးတောင်ချုပ်နေပြီ"

"အွန်း..... သွားကြတာပေါ့"

ဦးလေး Jong kookရဲ့ အိမ်ကရိုးရာအိမ်ပုံစံ
ဆိုတော့ အခန်း‌တွေက များသား သူတို့
စီစဉ်ပေးထားတဲ့ပုံစံကတော့ တစ်ခန်းကို
လေးယောက်အိပ်ရမယ်ထင်တယ်.....
အခန်းထဲကိုဝင်ကြည့်လိုက်တော့ Lisaထင်
ထားတာ မှန်သားပဲ အခန်းထဲမှာ နှစ်ယောက်
အိပ် မွေ့ရာလေး နှစ်ခုခင်းထားတယ်
တစ်ဖက်မှာတော့Chaesooက
ထိုင်နေကြတယ်။

"အဟမ်း .....အဟမ်း"

"အော် Lisaတို့ ရောက်လာပြီလား"

"ဒါပေါ့ .....ဘာလဲ
ငါတို့ကပြန်ထွက်ပေးရမှာလား"

"မဟုတ်ပါဘူးဟာ ဒါနဲ့ ငါ့မှာကြေညာစရာတစ်ခုရှိတယ်"

"အမယ်ပြောစမ်းပါဦး အဖောင်းရယ်"

"Sooနဲ့ ငါနဲ့ချစ်သူ‌တွေဖြစ်သွားပြီ "

"တစ်ကယ်လား Chae....."

Chaeနဲ့ Jijiချစ်သူဖြစ်သွားတာကို
အံ့ဩနေလိုက်တဲ့Lisa..... Jenလေးရဲ့ပုံစံက
ချစ်စရာအပြည့်။

"တစ်ကယ်ပေါ့ Niniရဲ့"

"ဝါး Unnieတို့ကတော့.....
Soul ကိုရောက်ရင်
Niniကို မုန့်လိုက်‌ကျွေးရမယ်နော်"

"အမလေး ကျွေးပါ့မယ်ရှင်"

"Nae Unnie အိပ်ကြရအောင်လေ
Nini အိပ်ချင်ပြီ"

"အော် Nini အိပ်ချင်ရင် Lisaနဲ့ အိပ်လိုက်နော်
Chae က Sooနဲ့အတူအိပ်ချင်လို့"

"ရှင်....."

ဒီနေ့မှာ ချစ်သူစဖြစ်ကြတာပဲ သူတို့လဲ
အတူတူရှိချင်မှာပေါ့လေ ဒါပေမဲ့Niniက
Liနဲ့အတူအိပ်ရမှာ ပြီးတော့မွေ့ရာက
နှစ်ယောက်အိပ်ဆိုတော့.....အမ‌လေး
ရင်ခုန်လွန်းလို့ဘယ်လိုနေရပါ့မလဲ။

"မင်းအတွက်အဆင်မပြေဘူးလား Jennie"

"အဲ့လိုမဟုတ်ပါဘူး အဆင်ပြေပါတယ်Lisaရဲ့ အဲ့လိုပဲအိပ်ကြတာပေါ့"

I can love only you~~Where stories live. Discover now