Unicode"အင်းပြောလေ Jen......"
"အရမ်းလွတ်လပ်နေတာလား Lalisa shi
ဟမ်"အကောင်ပေါက်ကလေးက ဘာကြောင့်ရယ်
ဒေါသထွက်နေတယ်မသိ....."ဘာကိုပြောချင်တာလဲ အချစ်ရဲ့"
"ကျွန်မမရှိတာနဲ့ ရှင်တမ်းပျက်စီးနေတာလေ
Lalisa"Aigoooooo လွမ်းလိုက်တာအသံလေး။
ချစ်ရတဲ့ အမျိုးသမီးရဲ့အသံလေးမို့လား
မသိ အမြဲကိုယ့်နားထဲမှာတော့ ချိုမြိန်နေသည်။
ဒေါသစွတ်နေတဲ့ အသံလေးဆိုရင်တောင်မှပေါ့....."မဟုတ်တာ Jenရယ် Liဘာတွေများ
လုပ်ထားမိလို့လဲ""အော် အခုထိ ဝန်မခံသေးဘူးပေါ့
ရှင်ညကအရက်တွေသောက်ထားတယ်မလား
မလိမ်နဲ့ ဖုန်းထဲက အနံ့တွေရနေတယ်""ဟဟ"ဆိုပြီး အားရပါးရ အော်ရီလိုက်ချင်ပင်မဲ့ Jenစိတ်ဆိုးမာကြောက်လို့သာပေါ့
ဘယ်နှယ့်ပြောလဲပြောတတ်တယ်
အရက်နံ့ကို ဖုန်းထဲကနေတောင်ရတယ်တဲ့လား
တကယ်ပါ Liရဲ့ အမျိုးသမီးက
ကလေးသာသာရယ်လူတင်မဟုတ်ပဲ စကားလေးကပါ
တစ်ခါတစ်ခါ ကလေးဆန်တာမို့ ဒီကအချစ်ပိုရပြန်သည်။"မလိမ်ရပါဘူး.....ပြီးတော့ အရက်မသောက်ထားဘူး
ဆိုဂျူးပဲ နည်းနည်းသောက်တာ""ရားးးးးးးလူလည်ကြီး ရှင်နော်
အတူတူပဲ နှစ်ခုလုံးက လူကိုမူးစေတယ်
မူးတဲ့အခါ လူဆိုတာ အသိစိတ်တွေ
တွေးခေါ်နိုင်တဲ့စ်ိတ်တွေ ပျောက်ဆူံး
သွားတယ်ဆိုတာ ရှင်မသိတာလား
ပြီးတော့ ကျန်းမာရေးကိုလဲ ထိခိုက်စေတယ်လေ"တကယ်သူမဟာ မူးယစ်စေတတ်တဲ့အရာတွေ
သုံးတာလုံးဝမကြိုက်သူသူမတစ်ကယ်စိတ်ဆိုးနေတာပဲ ခါတိုင်း
Liဆိုပြီး ခေါ်နေတတ်တာ အခုတော့ ရှင်နဲ့ကျွန်မလို့ပဲ သုံးနေလေပြီ"အဲ့ဆိုJenကိုလွမ်းတဲ့စိတ်ကကျတော့ ဘာလို့ လျော့မသွားရတာလဲဟင်...နည်းနည်းလေးတောင်မှ လျော့မသွားဘူး အမျိုးသမီးလေးရဲ့"
"တူမလား ကျွန်မက ရှင်ရဲ့အရာရာလေ
ရှင်ဘယ်တော့မှ မေ့ဖျောက်လို့မရမဲ့ လူတစ်ယောက်ပဲ နားလည်လား"
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...