Part(39)

1.3K 108 17
                                    

Unicode

"နိုးပြီလား Lisa"

မထသေးပဲ အင်းအင်းအဲအဲ လုပ်နေသူလေးကို Chaeကမေးလေတော့.....

"အင်း.....ကျေးဇူးပဲ
ငါတကယ် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်ခဲ့တယ် "

ဒီရက်သတ္တပတ်အတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖြစ်တာ အင်း
နှစ်ခါရှိပြီ ဒါကလဲ Chaeကျေးဇူးကြောင့်......

"၅နာရီ"

"ဟင်??"

တုံးတိကြီးပြောတဲ့ Chaeရဲ့စကားကို
Lisaနားမလည်....

"နင် ၅နာရီပဲ အိပ်ရသေးတယ်လို့ပြောတာပါ"

"အော်.....မသိပါဘူး ညနေ၅နာရီထိုးထိများ
အိပ်ပျော်မိသွားသလားလို့
အဲ့လိုသာဆို Jenက နှစ်ဆစိတ်ကောက်သွားမှာ ဟူးးးးး"

စိတ်မကောင်းဖြစ်လွန်းတဲ့အခါ ဘာပြောပေးရမလဲဆိုပြီး
ဦးနှောက်ကို အလုပ်ပေးပင်မဲ့ ဘာမှ
ပေါ်မလာဒါကြောင့်.....

"နင်ဝတ်ရမဲ့ အဝတ်တွေက ငါ့အခန်းထဲမှာ
ငါသွားယူလိုက်ဦးမယ်"

ပြေးထွက်သွားတဲ့ Chaeကို ငေးကာပဲ
ကြည့်နေမိတယ်။ အရင်ဆုံးလန်းဆန်း
သွားအောင် မျက်နှာသစ်လိုက်တယ်။

"ရေနဲ့ထိတွေ့လိုက်တော့ တကယ်နေလို့
ကောင်းသွားတာပဲ"

ရင်ထဲမှာ တုန်နေတာလား ခုန်နေတာလားမသဲကွဲတော့.....
ဟူးးးးးးဘယ်လောက်ပဲစိတ်ဆိုးနေပါစေ
လက်ထပ်ခွင့်တောင်းတာကိုတော့
လက်ခံလောက်တယ်မလား...
သေချာပေါက် လက်ခံမှာပါ။

အဲ့တာကို စိတ်ထဲက ဘာတွေကိုကြောက်နေတာမှန်းမသိ.....

"ကဲ...Lalisa shi ကြောက်စိတ်တွေကို
ဖယ်ရှားပြီး ပျော်ရွှင်စရာနေ့သစ်ကလေး စလိုက်ရအောင်"

မှန်ပြင်ကြီးကို ကြည့်ပြီး အားရပါးရပြုံးနေတဲ့သူ.....
သူ့ကိုယ်သူအားပေးလို့ ဝကာမှ
ရေချိုးခန်းထဲက ထွက်လာလေတော့
အခန်းထဲကို Chae ကပြန်ရောက်နေပြီ။

"ရား...လန့်လိုက်တာ"

"ငါကသရဲနဲ့တူနေလို့လားLisa"

Lisaပုံစံက အမှန်တကယ်လန့်သွားတာမို့
မေးလိုက်တော့......

"မဟုတ်ပါဘူး ငါက ရုတ်တရက်မို့ပါ"

I can love only you~~Where stories live. Discover now