Final

4.1K 150 11
                                    

Unicode

"ခွမ်း"

မိုးတွေသည်းကြီးမဲကြီး ရွာတာမို့ မွေးနေ့ပါတီလည်း
မလုပ်ဖြစ်ခဲ့။

တစ်ခုခုကိုစိုးရိမ်နေပုံနဲ့
ဧည့်ခန်းမှာနေမချိထိုင်မချိဖြစ်နေတဲ့
Chaeဟာရုတ်တရက်ကျကွဲသွားတဲ့ ဧည့်ခန်းနံရံက
Lisaဓာတ်ပုံဘောင်လေးကြောင့် စိုးရိမ်စိတ်တွေဟာ
သာမာန်ထက်ပိုလို့။

"Arjumarဒီမှန်ကွဲစတွေကို ရှင်းပေးပါဦး
ပြီးတော့ Lisaဓာတ်ပုံကို ‌မှန်ဘောင်အသစ်နဲ့လုပ်ပြီး
မြန်မြန်ပြန်ချိတ်ထားပေးပါ"

"ကောင်းပါပြီကွယ်"

ဘွဲ့ဝတ်စုံနဲ့ပုံလေးနှစ်ပုံကိုဧည့်ခန်းကနံရံပေါ်မှာချိတ်ဆွဲထားခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ။ဘာအကြောင်း
ပြချက်မှမရှိဘဲ ပြုတ်ကျပြီးကွဲသွားတာဟာ
ဘာကိုရည်ညွှန်းနေမှန်း Chaeမသိ။

ကိုယ့်ဓာတ်ပုံဘေးကလစ်ဟာသွားတဲ့
နေရာကိုကြည့်ရင်းရင်ထဲမှာ
ဝမ်းနည်းတဲ့ခံစားချက်ကြီးသာတိုးလို့။

"Hello...သူဌေးParkလားမသိဘူးခဗျ"

တစ်ဖက်လူရဲ့လေသံတွေမှာ စိုးရိမ်မှုတွေပါနေတယ်ဆိုတာကို
Chaeခံစားမိသည်။

"ဟုတ်ကဲ့ ကျွန်မပြောနေပါတယ်"

"ဟို...ဟိုလေ Ceo ဆေးရုံကနေပျောက်သွားလို့ပါ"

"ဘာပြောတယ်....ဒီလောက်စောင့်ကြည့်ခိုင်းထားတာတောင် ပျောက်သွားတယ်ဟုတ်လား
ရှင်တို့ဘာများလုပ်နေကြတာလဲ ဟမ်
တကယ်အသုံးမကျတဲ့ဟာတွေ....ခုချက်ချင်းလိုက်ရှာပါ
မတွေ့တွေ့အောင်ရှာကြပါ မဟုတ်လို့ကတော့
အဲ့ဒီဆေးရုံတစ်ခုလုံးကို ကျွန်မမီးရှို့ပစ်မိလိမ့်မယ်နော်"

ဆေးရုံအုပ်ရဲ့ သမီးဖြစ်သူ Jisooဆိုတဲ့
အမျိုးသမီးရှေ့မှာလည်း အားမနာနိုင်ပဲ
ပြောလိုက်မိတဲ့စကား။

Chaeလည်း သူငယ်ချင်းဇောနဲ့ အရမ်းပြာယာခက်နေပြီမို့။

"ဟုတ်....ဟုတ်ကဲ့ပါ သူဠေး"

"ဟုတ်ကိုနောက်ထား လူကိုအရင်ရှာစမ်းပါ
သုံးစားမရတဲ့ဟာတွေရဲ့"

စိတ်မရှည်စွာဖုန်းကိုချလိုက်ပြီး ဆေးရုံကိုလိုက်သွားဖို့ပြင်တော့...

I can love only you~~Where stories live. Discover now