Unicode
"Lisa yar"
အိမ်ရှေ့ကခေါ်သံကြောင့်ထွက်ကြည့်လိုက်
မိတော့ မနက်ကဆရာဝန်မလေး
ဖြစ်နေသည် ။"Liမရှိဘူး ဒေါက်တာရဲ့ အပြင်ထွက်သွား
တယ်""ဟုတ်လား အဲ့တာဆိုလဲကျွန်မပြန်လိုက်ပါဦး
မယ်နော် အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင်""မဟုတ်တာ ဒေါက်တာလဲအချိန်ရရင်အိမ်ထဲ
ဝင်ပါဦးလား Liမရှိပင်မဲ့ ဧည့်ခံပေးမဲ့ကျွန်မ
တစ်ယောက်လုံးရှိပါတယ်ဒေါက်တာရဲ့""အာ....အဲ့လိုပဲလုပ်လိုက်ရမလား"
Yoonaလဲ အိမ်ထဲကိုသာဝင်လာတော့သည်
"ဝါး..... Jennieဖျော်ပေးတဲ့ ကော်ဖီကအရမ်း
သောက်လို့ ကောင်းတာပဲရှင်""ဟုတ်ကဲ့..... ကျေးဇူးပါဒေါက်တာ"
"Yoonaလို့ပဲခေါ်ပါ Jennieရဲ့
ရင်းရင်းနှီးနှီးပေါ့""အာ.....ဟုတ်ကဲ့"
"Lisaကို စိတ်မကောက်ပါနဲ့တော့နော်"
"ရှင်....."
နှစ်ယောက်ကြားအတန်ကြာတိတ်ဆိတ်နေ
ခဲ့ရာမှ Yoonaဖက်ကပြောလာတဲ့စကား
ကြောင့် Jennieအံ့ဩနေမိသည် သူစိတ်ကောက်တာဒီလောက်တောင်သိသာသွားသလား ဆိုတဲ့အတွေးအပြင် Yoonaကို
အားနာတဲ့ အတွေးတွေပါဝင်လာတော့သည်"Lisaနဲ့ကျွန်မက သူငယ်ချင်းတွေပါရှင်
Chaeလိုမျိုး အချစ်ဆုံးသူငယ်ချင်းတော့
မဟုတ်ဘူးပေါ့ .....Jennieစိတ်ကောက်
နေတယ်ထင်လို့ ကျွန်မကပဲကြားထဲက
ဝင်ပြီးတောင်းဆိုပေးနေတာပါ သူ့ကို
စိတ်မဆိုးပါနဲ့တော့နော်""ဟုတ်ကဲ့..... Yoonaအပေါ်အမြင်မှားခဲ့တာ
အတွက်လဲ တောင်းပန်ပါတယ််""မဟုတ်တာ ရပါတယ်..... ဒါမျိုးကဖြစ်တတ်ပါတယ်Yoonaကိုက
အလိုက်မသိပဲ ချစ်သူနှစ်ယောက်ကြားထဲ
ဝင်ရှုပ်သလိုဖြစ်သွားတာကို.....ဒါနဲ့Lisaက
ရှင့်ကိုသိပ်ချစ်တာJennieရဲ့ ကျွန်မနဲ့
လမ်းလျှောက်နေတဲ့တစ်ချိန်လုံးလဲ
ရှင့်ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့
အကြောင်းတွေ ကျွန်မကိုပြောပြနေတာလေ မနက်ကရှင်သူ့ကိုစိတ်ကောက်နေမှန်းသိတော့
သူခမျာဝမ်းနည်းနေရှာတာJennieရဲ့"
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...