Part (29)

1.4K 102 4
                                    

Unicode

"Jen..... Companyမသွားခင် Liတို့ကော်ဖီ
ဆိုင်သွားရအောင်လား"

အမျိုးသမီးငယ်ကို ပြောလိုက်မိတော့
မျက်ခုံးလေးပင့်ကာ Lisaကိုမေးလာသည်။

"ဘာလို့လဲ.."

"Coffee Dateလေးလုပ်ချင်လို့"

"ဘာလို့Coffee Dateလုပ်ချင်ရတာလဲ
ထားပါမမေးတော့ဘူး..... သွားမယ်လေLiရဲ့"

"အွန်း.....သွားကြစို့"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"Liဘာလို့ဒီကော်ဖီဆိုင်လေးကိုလာချင်ရတာ
လဲ သိလား....."

"ပြောပါဦး.....ဘာလို့လဲ"

"ဒီဆိုင်နာမည်လေးကJLတဲ့ မသိရင်Liတို့
နှစ်ယောက်ရဲ့နာမည်တွေကိုများ ပေးထားသလား ထင်ရတယ်.....ပြီးတော့
ဒီဆိုင်ကဖွင့်တာမကြာသေးပင်မဲ့ ဆိုင်အပြင်ဆင်ကောင်းတာရော အစားသောက်တွေက အရသာရှိတာရောကြောင့် Dateလုပ်ဖို့
အရမ်းကောင်းတယ်ဆိုပြီး နာမည်ကြီးနေ
တာလေ အဲ့တာကြောင့်Jenကို ခေါ်လာတာ"

"ဒါနဲ့ Jenဖျော်ပေးတဲ့ကော်ဖီနဲ့ ဒီဆိုင်က
ကော်ဖီဆို ဘယ်ဟာကပိုသောက်ကောင်းမယ်
ထင်လဲ....."

"သေချာပေါက် Jenဖျော်ပေးတဲ့ကော်ဖီက
အကောင်းဆုံးပဲပေါ့.....ဒီဆိုင်ကကော်ဖီက
မသောက်ရလဲ ဘာမှမဖြစ်ဘူး Liအတွက်အဆင်ပြေတယ်
Jenဖျော်ပေးတဲ့ကော်ဖီကတော့ မသောက်ပဲကိုမနေနိုင်တော့တာ.....
ကော်ဖီကသောက်တာကြာရင် စွဲသွားတတ်တယ်တဲ့.....
သေချာပေါက်Jenဖျော်ပေးတဲ့ကော်ဖီကတော့
Liစွဲလမ်းတဲ့ အရာတွေထဲကတစ်ခုပဲ"

Lisaရဲ့ အဖြေကိုသဘောကျလို့ထင်ပါ့
‌အမျိုးသမီးငယ်က ခေါင်းလေးငုံ့ပြီး
ပြုံးနေလိုက်တာများလေ..... သူ့ရဲ့အပြုံးကို
Lisaသာမြင်ရင် မနေနိုင်ပဲနမ်းမိသွားမယ်
ဆိုတာကိုများ သိနေသလား ထင်ရသည်

"ကဲ အမျိုးသမီးငယ် ကားထဲကထွက်ပြီး
ကော်ဖီသောက်ဖို့ဆိုင်ထဲဝင်ကြတော့မလား
ဒါမှမဟုတ် တစ်နေ့ကုန် အမျိုးသမီးငယ်ရဲ့
အပြုံးတွေကို ငေးကြည့်ပေးနေရမှလားဟင်"

"Yar Liနော်လူကိုလာစနေတယ်.....
နောက်မှပဲပေါင်းပြီးစိတ်ဆိုးတော့မယ် ဟွန့်
လာ.....ဆိုင်ထဲဝင်မယ်"

I can love only you~~Where stories live. Discover now