Unicode
"NiniလေးLisaကို သဘောကျလား"
"ရှင်"ရုတ်တရက်မေးလာတဲ့ Unnieကြောင့်
Niniလန့်သွားတာအမှန်။"အော်.....Lisaကြည့်ရတာNiniကို သဘောကျနေသလိုပဲ အဲ့တာကြောင့်ပါ"
"Unnieကို အမှန်တိုင်းဝန်ခံရရင် Nini
သူ့ကိုသဘောကျတယ် မဟုတ်ဘူး
ချစ်ပါချစ်နေမိပြီထင်တယ်Unnie""အဲ့တာဆိုUnnieမေးတာတွေဖြေပေး ပြန်ဝောာ့မမေးနဲ့......
Niniက LGBTကိုလက်ခံတယ်ပေါ့""Niniအရင်တုန်းကလဲ LGBTကို မရှုံ့ချခဲ့ဖူးဘူးJiji unnie .....
အခုLisaကိုချစ်မိသွားတော့ ပိုပြီးလက်ခံလာတယ် ပြီးတော့ အချစ်က
အသက်အရွယ် gender ငွေကြေးပိုင်ဆိုင်မှု
အဲ့တာတွေပေါ်မှာ အခြေခံထားတာမဟုတ်ဘဲ
အချစ်ဆိုတာ လူသားနှစ်ယောက်ရဲ့နှလုံးသား
တစ်စုံကို အခြေခံထားတယ်ဆိုတာကို Nini
သိလိုက်ရတယ်""LGBTတွေကိုပတ်ဝန်းကျင်ကလက်ခံတာ
ထက် လက်မခံတဲ့ လူတွေကများသား.....
သူ့တို့ရဲ့ အမြင်တွေ အပြောတွေကိုရော
Niniခံနိုင်ရည်ရှိပါ့မလား""Unnie.....ပတ်ဝန်းကျင်က လူတွေဆိုတာလေ
သူတို့ကိုယ်တိုင်ကလွဲရင် တစ်ခြားသူတွေကို
မကောင်းပြောချင်ကြတယ်
ကိုယ်ကကောင်းတာလုပ်နေရင်တောင်မှ..... မကောင်းတာရှာပြီးအပြစ်ပြောတတ်ကြတဲ့
လူတွေ ..... ချီးကျူးဖို့ထက် ရှုံ့ချပြစ်တင်ဖို့ပဲ
စိတ်အားထက်သန်နေကြတဲ့သူတွေUnnieရဲ့
သူ့တို့ကိုသာ ဂရုစိုက်နေရင်Niniတို့မှာနေစရာ
တောင် ရှိမှာမဟုတ်ဘူး အဲ့တာကြောင့်
Niniကတော့ ကိုယ်ချစ်တဲ့သူရဲ့လက်ကိုတွဲ
ပြီး ပတ်ဝန်းကျင်ကလူတွေကို
ရဲရဲကြီး ရင်ဆိုင်ပစ်မှာ""တစ်ကယ်လို့Lisa နဲ့Niniသာ ချစ်သူတွေဖြစ်ရင်Niniမိသားစုကရော လက်ခံသဘောတူပါ့မလား"
"မတူလောက်ဘူးUnnieရဲ့....."
"သိနေရင်Nini ဘယ်လိုရှေ့ဆက်မှာလဲ"
"သူတို့လက်ခံလာအောင် ကြိုးစားမှာပေါ့
Unnieရယ် ဒီလို relationshipမျိုးကလဲ တစ်သက်လုံးချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်
နေနိုင်တယ် ဆိုတာမျိူးတွေကို သူတို့သိအောင် သက်သေပြပေးရမှာပေါ့Unnieရဲ့"
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...