Part(21)

1.9K 140 2
                                    

Unicode

At Breakfast~~~~~

"Lisa နင်ကလဲ Niniကိုပို့ပြီးတာနဲ့အောက်တောင်
ဆင်းမလာတော့ဘူး ငါကနင့်ကိုစကား
ပြောမလို့စောင့်နေတာ"

"အေးဟာ ငါလဲနည်းနည်းညောင်းနေတာနဲ့
ဆင်းမလာတော့တာ.....နေပါဦး နင်ကဘာပြောစရာရှိလို့လဲ"

"အော်...မနေ့ကSomiကို
သွားကြိုရမှာငါ့အလုပ်လေ
ဒါပေမဲ့နင်ကငါ့အစား
သွားပေးတာဆိုတော့ ကျေးဇူးပါဟာ
အဲ့ချိန်တုန်းက ငါSooနဲ့အတူရှိနေတာမို့လို့ပါ"

"ငါနားလည်ပါတယ်ဟာ ကျေးဇူးတင်စရာလဲမလိုဘူး
ငါလဲနင်တို့First Dateလေးပျက်သွားတာမျိုး
မဖြစ်စေချင်ပါဘူး"

"အင်းပါ...ဘာပဲဖြစ်ဖြစ်ကျေးဇူးပဲ
Sooကပြောတယ် ကိုယ့်ကိုအများကြီးပဲကူညီကူညီ
နည်းနည်းပဲကူညီကူညီ တစ်ဖက်လူကို
ကျေးဇူးတင်တဲ့‌အကြောင်းတော့ ပြောပေးရတယ်တဲ့ ဒါမှကူညီတဲ့လူလဲ
စိတ်ချမ်းသာသွားမယ်တဲ့"

"အမလေး Jijiစကားကျတစ်သွေမတိမ်း
နားထောင်နေလိုက်တာ ဟိုနေ့ကအန်တီက
ဖုန်းဆက်ဦးဆိုတာကျ မဆက်ပဲနဲ့"

"အဲ့တာငါမအားလို့ပါ မနေ့ညနေတုန်းကတောင်Ommaနဲ့ဖုန်း
ပြောဖြစ်ပါသေးတယ် ငါ့ကိုချစ်သူရနေပြီလားတဲ့"

"နင်ဘယ်လိုဖြေလိုက်လဲ"

"ရနေပြီလို့ဖြေလိုက်တယ်
ဆရာဝန်မလေးလို့လဲပြောလိုက်တယ်"

"သူတို့ကရော"

"Omma Appaတို့ကတော့ ငါစိတ်ချမ်းသာရင်
ပြီးရောတဲ့ အမြန်ဆုံးပေါင်းဖက်
နိုင်ပါစေလို့တောင်Appaက
ဆုတောင်းပေးသွားသေးတယ်ဟီး"

"ဝိုး.....ပတ်ကြီးတို့ကတော့ အားကျချင်စရာကြီး"

"အားကျရင် ငါ့လိုဖြစ်အောင်ကြိုးစားပေါ့"

"အေးပါ အဖောင်းစုတ်ရယ်"

"Yar နင်ဟာလေ ငါ့ကိုနာမည်ပြောင်တွေ
အမြဲတမ်းပေးနေတော့တာပဲ"

"အော် အဲ့တာကနင်ငါ့ကို
အမြဲတမ်းသတိရအောင်လို့လေ"

"နင်ကဘယ်သွားမှာမို့လို့ ငါကသတိရနေရမှာလဲ"

"Jennieရင်ခွင်ထဲကိုလေ"

"ချီးပဲ စကားကောင်းကိုမပြောဘူး"

I can love only you~~Where stories live. Discover now