Part(25)

1.9K 142 13
                                    

Unicode

"Morning Li"

Jennieတစ်ယောက် Lisaအခန်းထဲကိုဝင်ကာ
ပြောလာပင်မဲ့ စောင်ပုံထဲကLisaကတော့
ဘာမှတုံ့ပြန်မလာခဲ့ချေ
ဒါကြောင့်Jennieက Lisaရဲ့ကုတင်ပေါ်ကို
တင်လွှဲထိုင်ကာ .....

"ထတော့လေ Liရယ် Companyသွားဖို့
နောက်ကြနေဦးမယ်နော်"

"နမ်းရင်ထမယ်...နမ်း"

အိပ်ချင်မူးတူးအသံနဲ့ ပြောလာတဲ့Lisaကြောင့်Jennieရဲ့နှုတ်ခမ်းဟာ အလိုလိုပြုံးလာတော့သည်။

"မွ.....ထတော့နော် Liကလိမ္မာပါတယ်"

အဲ့တော့မှ Lisaတစ်ယောက် ဝုန်းခနဲ့ထလာပြီး
Jennieနဲ့ခါးလေးကို အနောက်ကနေဖက်ထား
သည်။

"ဝါး .....Jenရဲ့အနမ်းက Liကိုလန်းဆန်းသွား
စေတာပဲသိလား"

"ပြောပါဦး Jenရောက်လာကတည်းက
Liနိုးနေတာကိုသိတယ်နော် ဘာလို့အိပ်ချင်
ယောင်ဆောင်နေရတာလဲ"

မေးခွန်းမေးတဲ့သူအများစုဟာ သူတို့မသိတဲ့
အရာတွေကိုသာ မေးကြတာများသည်
ဒါပေမဲ့ Jennieကတော့ Lisaရဲ့အဖြေကိုသိနေပင်မဲ့Lisaဖွင့်ပြောတာ
ကိုကြားချင်လို့သာမေးခြင်းဖြစ်သည်။

"အော် JenကLiနိုးတာကို သိနေသားပဲ
Liအမျိုးသမီးလေးကတော့ လိမ်လို့ကို
မရဘူးနော် .....အင်း ဘာလို့အိပ်ချင်ယောင်
ဆောင်နေရတာလဲဆိုတော့ Jenဆိုတဲ့ Liရဲ့
ကောင်မလေးဆီက အနမ်းလေးလိုချင်လို့
Jenသိလား လူ‌တစ်ယောက်က
အိပ်ယာနိုးနိုးချင်း သူချစ်ရတဲ့သူဆိီကအနမ်း
လက်ဆောင်ရလို့ရှိရင် အဲ့ဒီအနမ်းလေးက သူရဲ့တစ်နေ့တာလုံးအတွက် ခွန်အားဖြစ်စေတယ်တဲ့"

"ဟုတ်လို့လားJenကဝောာ့ မကြားဖူးပါဘူး
အဲ့တာဘယ်ပညာရှိကပြောထားတဲ့စကားလဲဟင်"

"အွန်း အဲ့တာကJenဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ နှလုံးသား
ပိုင်ရှင်ကြီးက ပြောထားတဲ့စကားပါJenရယ်"

"ကဲ ဟုတ်ပါပြီရှင် ကျွန်မရဲ့နှလုံးသားပိုင်ရှင်
ကြီးရယ် ဖက်ထားတာလဲလျှော့ပါဦး
ပြီးတော့ မျက်နှာသစ် ရေချိုးလိုက်ဦးနော်"

Jennieကလျှော့ဖက်ပါလို့ပြောတော့ Lisa
က တိုး၍ဖက်လာခဲ့သည် နောက်ပြီးJennie
ရဲ့ပခုံးသားလေးကို ဖွဖွလေးကိုက်ခဲလာသည်။

I can love only you~~Where stories live. Discover now