Unicode
Chae side><
သူ့Jenကြောက်နေတော့မယ်ဆိုပြီး ပြေးထွက်သွားတဲ့ Lisaနောက်ကို အပြေးလိုက်ခဲ့မိတယ်။ ဒီလိုချိန်မှာ သူ့ကို
တစ်ယောက်ထဲ လုံးဝမထားခဲ့နိုင်လို့။
ဆရာဝန်ရဲ့ စကားတွေကို သုံးသပ်ကြည့်ရင်
Niniဟာ ဒီလောကကြီးထဲက မနှုတ်ဆက်ပဲ
ထွက်သွားပုံပဲ......."ဒီလိုကြီးထွက်သွားတော့ Lisaကရူးပြီပေါ့
Niniရဲ့......"ထိုသို့ပြောရင်းပဲ ပြေးလိုက်လာခဲ့တယ်။
ငယ်ငယ်က အပြေးပြိုင်ရင် Chaeကနိုင်နေကြလေ Lisaကလည်း
ခြေတံရှည်ပင်မဲ့ သိပ်မပြေးနိုင်ဘူးရယ်
သူ့ကို ရှုံးလို့စလိုက်တိုင်း ဘဲနှုတ်ခမ်းလေးနဲ့
ပြန်ဖြေသေးတာ"ငါက သူခိုးမှမဟုတ်တာ
အဲ့တာကြောင့် ပြေးရတာကို သဘောမကျပါဘူး"တဲ့အခုတော့ဖြင့်ကြည့်ပါဦး တစ်ဆောင်ဝင်တစ်ဆောင်ထွက်နဲ့ ပြေးလွှားနေတဲ့ သူ့ကို Chaeလိုက်လို့မှီတော့ဘူးရယ်
မောလွန်းလို့ နည်းနည်းလောက် ရပ်ကာအမောဖြေလိုက်မိတော့ ရိပ်ရပ်ကလေးပဲ မြင်ရတဲ့ ကျောပြင်ဟာ
လုံးဝပျောက်ကွယ်သွားတယ်...ဒါနဲ့ပဲ Lisaနောက်ကို လိုက်လို့မရတော့ဘူးဆိုပြီး
Chaeလမ်းပျောက်မနေခဲ့ပါဘူး...
အဆောင်တိုင်းရဲ့ လျှောက်လမ်းတွေမှာ သူ့ဖိနပ်ရာတွေက အထင်းသား။"မိုးရေစိုကြီးနဲ့ အကြာကြီးနေနေတာ
နင့် Jenနောက်ကိုများ လိုက်သွားချင်နေတာလားဟမ် အဲ့လိုဆိုလဲ
တစ်ကိုယ်ကောင်းဆန်စွာ ငါကတားမှာ
အစ်မရင်းလို ချစ်ရတဲ့ Niniကမနှုတ်ဆက်ပဲ
ထားခဲ့ပြီဟ နင့်ကိုပါ ဆက်ဆုံးရှုံးလိုက်ရရင်
ကျန်ခဲ့တဲ့ ငါတို့ဘဝကလဲ ထင်သလောက်
ပျော်ဖို့မကောင်းနိုင်တော့ဘူး
အဲ့တာကြောင့်မို့ နင့်ကိုတော့ ငါရအောင်တားမှာ......"ပြောရင်းပဲ ပြေးလိုက်ခဲ့ပြန်ပါတယ် ခြေရာတွေနောက်ကိုပေါ့
နောက်ဆုံးတော့ ရောက်ခဲ့ပါတယ် Niniရှိတဲ့အဆောင်ရှေ့ ။တကယ်တော့ ဒီအဆောင်က ဆေးရုံအဆောက်အအုံရဲ့
အနောက်ဖက်မှာ သပ်သပ် ဆောက်ထားတာ
သေဆုံးနေတဲ့ သူတွေကို ခဏထားတဲ့နေရာလေ
ပြီးရင် အလောင်းကိုလာယူကြပြီး
လုပ်သင့်တာတွေ ရိုးရာဓလေ့တွေတိုင်း ဆက်လုပ်ကြတာပေါ့လေ။
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...