Part(24)

2K 138 7
                                    

Unicode

"နွေးတာပေါ့Li ရဲ့ရင်ခွင်က အရမ်းနွေးတာ
Jenလဲ အချမ်းပြေနေပြီပဲ အိမ်ပြန်ရအောင်
နော်"

"အင်း ရော့Liရဲ့ Long Coat
လေးကိုထပ်ဝတ်ထားလိုက်"

"Li ချမ်းနေပါ့မယ်"

"မချမ်းပါဘူး ဒါပေမဲ့Jenချမ်းတာမြင်ရတော့
Liတောင် ချမ်းချင်လာပြီ အဲ့တာကြောင့်
Jen ကဒီLong Coatလေးကို
ဝတ်ထားလိုက်နော်
ဒါဆိုရင် Li ရောJenပါ မချမ်းတော့ဘူးပေါ့ Jenအချမ်းပြေရင်Liလဲ
မချမ်းတော့ဘူး Jenရဲ့"

"ဟောတော်.....Jen အချမ်းပြေရင် Liလဲ
မချမ်းတော့ဘူး ဟုတ်လား"

"ဒါပေါ့ Li ကJenနဲ့စိတ်ရောကိုယ်ပါ ထပ်တူကျနေတဲ့ ချစ်သူမျိုးလေး
Jenဝမ်းနည်းရင် Liဝမ်းနည်းတယ်။
Jenပျော်ရင် Liလဲပျော်တယ်။
အခုJenချမ်းနေရင်Liချမ်းသလို
Jen အချမ်းပြေရင် Liလဲမချမ်းတော့ဘူးပေါ့
Jenရဲ့"

အချစ်နဲ့တွေ့ရင် လူတွေကအလိုလိုပြောင်းလဲ
လာတတ်ကြတယ်တဲ့ Liလဲအဲ့လိုပါပဲ
အရင်က တည်တည်တံ့တံ့နေတတ်တဲ့သူက
အခုJenကိုတီတီတာတာ ချစ်စကား
တွေပြောပြနေတတ်တဲ့ သူတစ်ယောက်ဖြစ်နေပြီလေ။

"အဲ့တာဆို Jenဝတ်ထားလိုက်မယ်နော်"

"အင်း"

"သွားကြစို့ Li"

"ကောင်းပါပြီ"

နှစ်ယောက်သားလက်ကလေးတွေပြန်တွဲပြီး
အိမ်ပြန်လာကြသည်။
.
.
.
.
.

"Jen သိလား Liစကားပြောနေတဲ့အချိန်တွေမှာလေ
Jen..... Liကိုကြည့်နေတဲ့အကြည့်တွေကို
Liအရမ်းသဘောကျတာပဲ"

အများကြီးချစ်မိသွားတာမို့ မြတ်နိုးရတဲ့
အမျိုးသမီးငယ်ရဲ့ မျက်ဝန်းတွေဟာ
Liကိုနွေးထွေးစေတယ်။

"ဘာဖြစ်လို့လဲ Li"

"Jenရဲ့ အကြည့်တွေထဲမှာလေ Liကိုချစ်ပါတယ်ဆိုတဲ့အရိပ်ယောင်တွေ
မြင်နေရတယ် ပြီးတော့ Jenရဲ့မျက်ဝန်းတွေ
က ပုံမှန်ထက်နှစ်ဆတောက်ပနေသလိုပဲ
အဲ့တာကြောင့်သဘောကျတာ"

"ဟုတ်မှာပါ ဘာလို့လဲဆိုတော့ Jenအတွက်
တော့ Liက ချစ်ဖို့အကောင်းဆုံးလူသားလေး
တစ်ယောက်ဖြစ်နေတယ်လေ Liစကားပြော
တဲ့အချိန်တွေမှာ Liရဲ့မျက်ဝန်းတစ်စုံကိုငေး
ကြည့်နေရတာကို Jenသဘောကျတယ်
Liရဲ့ အကြည့်တွေကလေ Jenကိုရင်ခုန်စေတယ်Liရဲ့"

I can love only you~~Where stories live. Discover now