Part(22)

2.1K 158 11
                                    

Unicode

"Somi Yarနင်ကဘာလို့သတင်းစာရှင်းတဲ့ပွဲမှာ
ဝင်ပြောရတာလဲ"
Mino နဲ့Somiတို့ ကော်ဖီဆိုင်တစ်ဆိုင်မှာ
ချိန်းပြီးပြောနေခြင်းပါ

"ဝင်မပြောရင် ငါတို့ကြံစည်ထားတယ်ဆိုတာ
ကို သူတို့သိသွားမှာပေါ့"

"ငါတို့ကြံစည်တဲ့အတိုင်းလဲဖြစ်မှမလာပဲ
ငါ့မှာလေ Moon Media Pageကသူဠေးကို
တောင်းပန်းလိုက်ရတာ သူ့တို့ကလဲLisa
တရားဆွဲမှာကိုကြောက်နေကြတာလေ
Lisaဖက်ကကျေအေးပေးလိုက်တယ်
ထင်တယ် အဲ့ဒီသူဠေးကပြောတယ်
နောက်ဆိုLisaနဲ့ပတ်သတ်တဲ့မဟုတ်တဲ့အကြောင်းတွေကိုရေးဖို့ သူ့ကိုလာမပြောပါနဲ့တဲ့
သွားပြီ အားလုံးအလကားပဲ နင်ကလဲအသုံးမကျဘူး NiniကLisaကို
မမုန်းတဲ့အပြင်ပိုတောင်ချစ်သွားပြီလား
မသိဘူး"

"ဒီတစ်ခါမရတော့လဲ နောက်တစ်ခါ‌ပေါ့
နေပါဦး နင်ကJennieကိုချစ်နေပြီလား"

"ချစ်မချစ်တော့မသေချာဘူး ဒါပေမဲ့ငါသူကို့
သဘောကျတယ် ကျောင်းတုန်းကနင့်ကို
သဘောကျတာထက်ကို သူ့ကိုပိုသဘောကျတာ"

ကျွန်မ Minoကိုကျောင်းကတည်းက
စိတ်ဝင်စားခဲ့တာမဟုတ်ဘူး ဒါပေမဲ့သူကကိုယ့်ထက်Jennieကို‌ပိုသဘောကျတယ်လို့ ပြောတာကိုတော့ ကျွန်မမခံချင်ဘူး ဘာလို့အားလုံးကJennie
မှ Jennieဖြစ်နေရတာလဲ...

"Yar ဘာလို့ငါက ပါလာရတာလဲ"

"အော်...ငါကပြောပြတာပါ နင့်ကိုလဲသူငယ်ချင်းထက်မပိုတော့ဘူး
သိလား"

"အမလေးငါကလဲနင့်ကိုစိတ်ထဲတောင်
ထားခဲ့တာမဟုတ်ဘူး ငါရင်ထဲမှာလဲLisa
တစ်ယောက်ပဲရှိတာ ဟွန့်"

"ကဲပါ နောက်တစ်ခါကောင်းကောင်း
ကြိုးစားကြတာပေါ့ ငါတို့နှစ်ယောက်လုံးသူတို့ကိုပိုင်ဆိုင်ရမှာပါ
ငါသွားတော့မယ်"

"အေးအေး"

ဒီတစ်ခါအစီစဉ်လွဲသွားတာကရတယ်
Lisaကိုတော့ ကျွန်မလွဲရင်ဘယ်သူမှ
မပိုင်ဆိုင်စေရဘူး။

************************************

"Jennie"

"ရှင်.....Lisaက Companyသွားတော့မလို့လား"

"သွားတော့သွားရမှာ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး..... Jennieမှတ်မိ
သေးလား စာထဲမှာကိုယ်ရေးထားတယ်လေ
မင်းကိုခေါ်သွားစရာ နေ‌ရာလေးတစ်နေရာ
ရှိတယ်ဆိုတာ"

I can love only you~~Where stories live. Discover now