Unicode"ဝင်ခဲ့ပါ ဆိုတဲ့အသံကြားတာနဲ့ တစ်ပြိုင်တည်းသူတို့နှစ်ယောက် ရွက်ဖျင်တဲလေးထဲကို ဝင်သွားကြလေသည်။
ဝင်ပြီးကာမှLisaစိတ်ထဲ
တစ်မျိုးဖြစ်လာသည်။
သူတို့မဝင်ခင် ရှေ့ကအမျိုးသမီးတစ်ယောက်
ငိုပြီးထွက်သွားလို့ပဲလား ဒါမှမဟုတ်
စိတ်ပဲထင့်နေတာများလား....."ထိုင်ကြပါ"
အနက်ရောင်ဂါဝန်ကြီးကို ဝတ်ဆင်ထားတဲ့
သတ်လတ်ပိုင်း အမျိုးသမီးကပြောသည်။
အမျိုးသမီးရဲ့ပုံစံဟာတည်ငြိမ်လွန်းသည်။
နောက် သူမအသံဟာခပ်ဩဩ၊ မှောင်မဲမဲ
အခန်းထဲဝယ် ဩတတ်နေတဲ့ သူမအသံဟာ
အနည်းငယ်တော့ ကျောချမ်းစရာ.....ကိုယ့်အတွေးနဲ့ကိုယ်မို့ Lisaမှာ ခြေဖျားလက်ဖျားတွေအေးစက်လို့
"ယူတို့သိချင်တဲ့ အကြောင်းရင်းက....." ထိုအမျိုးသမီးကမေးတဲ့အခါ Lisa Chaeကို
တံတောင်နဲ့တွတ်လိုက်တော့....."အာ ဟိုဟာကျွန်မမကြာခင် အချိန်တွင်းမှာ
အိမ်ထောင်ကျနိုင်မလား၊
ကျွန်မရဲ့အနာဂတ်ကဘယ်လိုမျိုးလဲ
ပြီးတော့ကျွန်မရဲ့အိမ်ထောင်ရေးကရော အဆင်ပြေ သာယာပါ့မလား
အဲ့တာလေးသိချင်ပါတယ်"WTH Chaeတို့ကတော့ မမေးတောင်သူကြိုသိနေပြီးသားကြီးကို
မေးတယ် ဒါပညာစမ်းတဲ့သဘောလား
ဒါမျိုးကျတော့လဲ ပြောင်စပ်စပ်ကလေးက
တည်တည်ငြိမ်ငြိမ် အမျိုးသမီးတစ်ယောက်ပုံပေါ်သည်။"ဟက်"ထိုအမျိုးသမီးက တည်ငြိမ်စွာပဲ ပြုံးသည်။ခနဲ့သလိုအပြုံးနှင့်.....
"ယူကတို့ကို ပညာစမ်းတဲ့သဘောလား
Chaeyoung shi!"မပြောရသေးပဲ နာမည်ကိုသိနေတာမို့ Chae
အံ့ဩပင်မဲ့ ချောင်းတစ်ချက် ဟန့်ကာ"အဟမ်း ဒီတိုင်းသိချင်လို့ဆိုရင်ရော ရှင်ပြောပြပေးနိုင်မှာလား"
"အိုကေလေ..... ယူကအရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ရမှာ
အိမ်ထောင်ဖက်ကသေချာပေါက် အမျိုးသမီးတစ်ယောက်ပါ
ပြီးတော့ ယူတို့မှာအရမ်းချစ်ဖို့ကောင်းတဲ့
ကလေးမလေးတစ်ယောက် ရှိလာမှာ
ယူ့ဘဝတစ်လျှောက်လုံးရဲ့ အချိန်တွေကို
အမျိုးသမီးရယ် သမီးဖြစ်သူရယ် ဆီမှာသာ
ပုံအပ်ထားလိမ့်မယ်။ တို့ အဲ့လိုမြင်ရတယ်
Chaeyoung shi"
YOU ARE READING
I can love only you~~
Fanfictionအချစ် လို့ပြောလိုက်တာနဲ့Jenဆိုတဲ့ အမျိုးသမီးငယ်လေးကိုပဲ မြင်ယောင်မိသူမို့ သေချာပေါက် ဒီအမျိုးသမီးလေးကို ထာဝရပိုင်ဆိုင်ချင်မိပါရဲ့~~~~~ #Lisa အချိန်တွေနေရာတွေပြောင်းသွားရင်တောင်မှ Liအပေါ်ထားတဲ့Jenရဲ့အချစ်က မပြောင်းလဲမှာမို့သေချာပေါက် JenဟာLiအပိုင်ပါ...