Part(13)

2K 170 0
                                    


Unicode

"Jijiတို့အကြောင်းမပြောဘူးဆို
ပြီးတာပါပဲနော်......Nini"

"ဟုတ်ပါ့Unnieရယ်"

ဒီလိုနဲ့၄ယောက်သား ခရီးဆက်လာခဲ့ကြသည်။
နေရာတစ်နေရာအရောက်မှာတော့ Lisaက
ကားကိုရပ်လိုက်သည်
နောက်ပြီးကားဘောင်ပေါ်မှ တင်ထားတဲ့
Cameraလေးကိုကိုင်ကာ...

"ခဏနားရအောင်လေ......Lisaဟိုရှေ့က
နေကြာခင်းလေးကိုဓာတ်ပုံရိုက်ချင်လို့"

"အင်းကောင်းသားပဲ.....ကားစီးရတာကြာတော့ ညောင်းနေတာ.....Lisaနင်တော်တယ်"

ပြောပြီးChaeနဲ့Lisaက ကားပေါ်ကဆင်းသွား
တာမို့ နောက်ကနေ
jennieနဲ့jisooလဲ ဆင်းလာခဲ့ကြသည်။

Lisa နေကြာခင်းကြီးကို အားရပါးရ စိတ်ကြိုက်ဓာတ်ပုံရိုက်နေတုန်း ဘေးနားက
နှုတ်ခမ်းလေးတွန့်ကွေးစွာ
ပြုံးပြီး နေကြာခင်းကိုကြည့်နေတဲ့
Jennieကို ခဏလောက်ငေးကြည့်နေလိုက်
သည် သူမကရောLisaလိုပဲ နေကြာလေးတွေ
ကို သဘောကျတတ်သူလား.....

ကိုယ်က နေကြာကိုသဘောကျတယ်
ပြီးတော့မင်းကိုလဲသဘောကျတယ်
နှစ်ခုစလုံးက ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတဲ့
ခေါင်းစဉ်အောက်မှာရှိနေကြတာမို့။

"Lisaက ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်
ထင်တယ်"

Jennieကိုပဲ စိုက်ကြည့်နေတာနဲ့အနေရ
ခက်လို့ မေးလိုက်တော့ Lisaက
အပြုံးလေးတစ်ခုနဲ့အတူဖြေလာသည်။

"အွန်း.....ကိုယ်ငယ်ငယ်က ဓာတ်ပုံဆရာအရမ်းဖြစ်ချင်ခဲ့တာ အခုတော့
Company ရဲ့Ceoတစ်ယောက် ဖြစ်သွားတယ်‌လေ"

"ရှင်ကနေကြာပန်းတွေကို သဘောကျတယ်
ထင်တယ်"

"အင်း.....နေကြာက ကိုယ်အကြိုက်ဆုံး
ပန်းလေ ..... Jennieကရော ဘယ်ပန်းတွေကို
ကြိုက်လဲ"

အနှစ်နှစ်အလလ ကတည်းကကြိုက်ခဲ့ရတဲ့
ကိုယ့်ရဲ့ရှေ့က နေကြာတွေကိုတော့
အားနာမိသား.....ဘာလို့ဆို Jenဆိုတဲ့အမျိုးသမီးလေးကို
နေကြာတွေထက် ပိုသဘောကျမိပြီး
ချစ်မိသွားပြီမို့လို့လေ။

အချစ်တဲ့ တစ်ခါမှမခံစားခဲ့ဖူးဘူး
သူမနဲ့မတွေ့ခင်အထိပေါ့.....
အချစ်တဲ့ ဆန်းကျယ်လိုက်ပုံများ
အချိန်ခဏလေးနဲ့ တစ်သက်စာတောင်
ချစ်မိသွားနိုင်တယ်တဲ့လေ။

I can love only you~~Where stories live. Discover now