Part(42)

1.7K 108 10
                                    

Unicode

"ဒီနေရာလေ သမီး Ommaရှိတဲ့နေရာက..."

၁၀နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးငယ်ဟာ
သူ့Ommaရှိတဲ့နေရာကို လိုက်ပြဖို့ခဏခဏတောင်းဆိုနေတော့
သူဟာ အခုလိုလိုက်ပြခဲ့ရသည်။

"Appa...Ommaက ဒီလိုမျိုးကြီးတကယ်ထွက်သွားတာလား
ခရီးသွားတာမျိုးမဟုတ်ပဲ ဒီလိုမျိုး"

အရာရာကို နားလည်နေနိုင်ပြီဖြစ်တဲ့ ၁၀နှစ်အရွယ်ကလေးမလေးဟာ
သူ့Ommaကို ဒီတိုင်းခရီးတစ်ခုထွက်သွားတယ်ပဲထင်ခဲ့တာ။

"ဟုတ်တယ်...သမီးငယ်ရယ်
၅နှစ်တောင်ရှိတော့မယ်
သမီး Ommaထွက်သွားတာ"

အချိန်တွေ ရာသီတွေဘယ်လိုပြောင်းပြောင်း
မပြောင်းမလဲတည်ရှိနေတဲ့ အလွမ်းဓာတ်ရယ်
သူ့ရဲ့ မျက်ရည်သိုင်းရစ်နေတတ်တဲ့ မျက်ဝန်းညိုရယ်.....

ဒီနှစ်တွေအတော်တွင်း Lisaနဲ့ပဲ အနေများတဲ့
ကလေးငယ်လေးက Lisaခံစားနေရတာကို
နားလည်နေတဲ့ပုံ။

"Appa"

ငိုသံတွေနဲ့ကလေးရဲ့ ခေါ်သံကိုမထူးမိ...သူကိုယ်တိုင်ငိုနေခဲ့တာမို့
ရင်ခွင်ထဲတိုးဝင်လာတဲ့ ကလေးငယ်ကိုသာ
တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

Ellaလေး အငိုသန်တာLiနဲ့တူတာဖြစ်မယ်် Jenရယ်...

အုတ်ဂူလေးတစ်ခုရှေ့မှာ ငိုကြွေးနေကြတဲ့
သားအမိဟာ သူတို့တန်ဖိုးထားရသူကို
သိပ်ချစ်လို့ ငိုကြွေးနေခြင်း။

တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့အခါ
ဖြေမဆည်နိုင်တဲ့စိတ်က သေရာပါဒဏ်ရာကြီးလိုပဲ
လူကို တမြေ့မြေ့နဲ့ ခံစားရစေတယ်။

"ဒီတစ်ခါ Forget me notဆိုတဲ့ပန်းလေးယူလာခဲ့တယ်
ပြောင်းပြန်ဖြစ်နေမလားမသိပင်မဲ့
Jen...Liကိုမေ့မသွားပါနဲ့လို့ တောင်းဆိုချင်တယ်
မေ့မသွားဘူးဆိုတာကိုလည်းသိပါတယ်
ဒါပေမဲ့... ဒီတိုင်းသေချာအောင်တောင်းဆိုထားတာ
ဘဝဆက်တိုင်း Liကိုမမေ့လိုက်ပါနဲ့...

ထာဝရဆိုတဲ့အရာက ရက်ပေါင်းဘယ်နှရက်ကြာလဲ
Liမသိပင်မဲ့ အဲ့ထာဝရဆိုတဲ့ ရက်ပေါင်းများစွာထက်ကို
Liတို့ပိုချစ်သွားကြမယ်နော်Jen"

I can love only you~~Where stories live. Discover now