Chapter (1)

3.8K 328 4
                                    

Chapter (1)

၂၀၉၂ ခုနှစ်၊ အပြာရောင်ဂြိုဟ်၊ မြို့တော် K ၏ အရှေ့အလယ်ပိုင်း၊ နေ့လည်ခင်း သုံးနာရီ။

မြို့တော် K ၏ တောင်ဘက်ပိုင်းတွင်ရှိသော လိုဂန်အုပ်စု၏ အကြီးဆုံးနျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်စီမံကိန်းများအားလုံးသည် ဓာတ်အားပေးစက်ရုံနှင့် ကီလိုမီတာ ၂၀ ကွာဝေးသော အနိမ့်ပိုင်းရှိ တောင်ကုန်းပလက်ဖောင်းပေါ်တွင် စုရုံးတည်ရှိနေကြသည်။

ထိုနေရာတွင်ရှိနေသော လူများသည် အာရုံအပြည့်အဝစိုက်ထားပြီး အသက်ရှုအောင့်ထား၍ တောင်ကုန်းအောက်ခြေရှိ စက်ရုံဧရိယာသို့သာ ကြည့်နေကြကာ လေထုသည်လည်း အလွန်အမင်း တင်းမာနေလေသည်။

လွန်ခဲ့သောနှစ်ရက်ခန့်က အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့သည် အရေးကြီးသတင်းပေးတစ်ဦးထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။ ၎င်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု၏ မြေအောက်ပိုက်လိုင်း၌ တပ်ဆင်ထားသောဗုံးသည် ယနေ့တွင် ပေါက်ကွဲလိမ့်မည်ဟူ၍ပင်။

သူတို့အားလုံးသည် စီမံကိန်းတာဝန်ခံများကို ချက်ချင်းဆက်သွယ်၍ စုံစမ်းစစ်ဆေးရန် ထိုနေရာသို့ အမြန်ဆုံးသွားစစ်ဆေးကြည့်သောအခါ အမှန်တစ်ကယ်ပင် ​ဗုံးရှိနေသည်ကို တွေ့လိုက်ရ၏။

ချိန်ကိုက်ဗုံး၏အချိန်သည် စတင်ရေတွက်နေပြီဖြစ်ပြီး ဗုံး၏အထက်တည့်တည့်တွင် နူထရွန်ဓာတ်ပေါင်းဖိုစနစ် ရှိနေလေသည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဒေသခံရဲများသည် ချက်ချင်းပင်၀န်ထမ်းများအား ကယ်ထုတ်လာကြသည်။ ပေါက်ကွဲမှုမတိုင်မီ ခုနစ်နာရီသာကျန်တော့သည့်အချိန်မှသာ စက်ရုံကြီးရှိ ၀န်ထမ်းများအားလုံးကို နောက်ဆုံးတွင်တော့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ဗုံးရှင်းလင်းရေးတပ်ဖွဲ့က နေရာယူထားပြီးဖြစ်ပြီး  ဗုံးရှင်းလင်းရေး ကိရိယာ ၈ ခုနှင့် ဗုံးရှင်းလင်းရေး ကျွမ်းကျင်ပညာရှင် ၁၅ ဦးသည် စက်ရုံဧရိယာထဲသို့ ၀င်ရောက်ကြရန် အသင့်ရှိနေကြပြီဖြစ်၏။

အိမ်နီးချင်းနိုင်ငံများမှ နျူကလီးယားပေါက်ကွဲမှု ဆန့်ကျင်ရေးအဖွဲ့များသည် အရေးပေါ်လေကြောင်းလိုင်းများဖြင့် စက်ရုံဧရိယာကို ၀န်းရံထားကြသည်။  နောက်ဆုံးတွင် ဗုံးကိုမဖယ်ရှားနိုင်ပါက ပေါက်ကွဲပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေနိုင်ရန် သူတို့အားလုံး ရောက်ရှိနေကြခြင်းဖြစ်သည်။

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ