Chapter (15)

649 114 1
                                    

Chapter (15)

Warning! NSFW!!

ခန္ဓာကိုယ်အသစ်အား ဖောက်ထွင်းမြင်ရသော ဆလင်ဒါသေတ္တာတစ်ခုထဲတွင် ထည့်ပေးထားပြီး ယာဉ်ပျံ၏ဧည့်ခန်းတွင်ထားထားကာ အဝတ်အစားများဝတ်ဆင်ပေးထား၏။

ကျိမောင်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ ထိုဆလင်ဒါသေတ္တာပေါ်ရှိ အနီရောင်ဖြစ်နေသော အချက်ပြမီးသည် အပြာရောင်အဖြစ်သို့ပြောင်းသွားကာ အပေါ်ယံရှိ ပိတ်ထားသောအလွှာများသည်လည်း ဘေးနှစ်ဖက်စလုံးသို့ ဖြည်းဖြည်းချင်း ရွေ့သွားသည်။

ကျိမောင် သူ့လက်ဖဝါးကို ဒေတာလွှဲပြောင်းစက်ပေါ်တွင် တင်လိုက်၏။ ငါးစက္ကန့်အကြာတွင် သူ့အရင်ရှိနေခဲ့သောခန္ဓာကိုယ်မှ ဦးခေါင်းသည် မတ်တပ်ရပ်လျက် အိပ်ပျော်သွားသကဲ့သို့ ငိုက်စိုက်ကျသွားပြီး ဖောက်ထွင်းမြင်ရသည့် ဆလင်ဒါသေတ္တာအတွင်းမှ လူတစ်ယောက်ထွက်လာကာ ဟဲ့ကျီကို မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေခဲ့သည်။

ဟဲ့ကျီ သူ့လက်ကိုကျိမောင်ဆီသို့ ဆန့်ထုတ်လိုက်ပြီး ကျိမောင်၏လက်ဖဝါးလေးကို လှမ်းဆွဲလိုက်သည်။

"မင်းခံစားရလား " ဟဲ့ကျီ၏အသံထဲတွင် အလွန်သတိထားနေသော အရိပ်အယောင်တို့ဖြင့် သူ့ကိုမေးလာ၏။

ကျိမောင်သည် ဟဲ့ကျီ၏လက်ဖဝါးကို ပြန်ဆုပ်ကိုင်လိုက်ပြီး ဟဲ့ကျီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်စဥ် ဟဲ့ကျီပိုစိတ်ပူလာတော့သည်။ " မင်းအဆင်ပြေလား "

"အဲ့ဒါက ... " ကျိမောင် သူတို့နှစ်ယောက်သား၏ လက်တွေကိုစိုက်ကြည့်ရင်း ဟဲ့ကျီကိုပြန်ပြောလိုက်၏။

ဟဲ့ကျီသည် ကျိမောင်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အာရုံခံကိရိယာသည် အလုပ်မလုပ်ဟုသူထင်နေခဲ့သည်။ သူကျိမောင်ကို နှစ်သိမ့်ပေးချင်ခဲ့သော်လည်း ကျိမောင်က သူ့အနားသို့ ခြေတစ်လှမ်းပိုတိုးလာပြီး ကျိမောင်၏နူးညံ့သောခန္ဓာကိုယ်သည်  ဟဲ့ကျီကိုထိမိသွားသည်။

ကျိမောင် ခေါင်းမော့လိုက်ကာ ဟဲ့ကျီကို တိုးတိုးလေးပြောလိုက်၏။" ဒါက အရမ်း ခံစားလွယ်တာပဲ ... "

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Where stories live. Discover now