Chapter (16) FINAL

1.5K 140 14
                                    

Chapter (16)

လွန်ခဲ့သော နှစ်လခန့်၊ D နိုင်ငံ ဖယ်လ်ကွန်အခြေစိုက်စခန်း ကလယ်ရီ၏ အခန်း၌​ဖြစ်သည်။

ရှန်ကျိယွီသည် သူ့လက်ညှိုးကို ရေခွက်ထဲတွင်နှစ်ကာ အဝတ်အစားလွတ်နေသောခန္ဓာကိုယ်ရှိ သူ့ခြေထောက်ပေါ်တွင် စာလုံးတစ်လုံး ရေးနေခဲ့သည်။

' ပုန်းကွယ် '

ကလယ်ရီသည် ရေချိုးခန်းထဲတွင် ရေချိုးနေ၏။ သူ့ရှေ့က ကွန်ပျူတာကိုကြည့်လိုက်ပြီးနောက် သူခိုးယူထားခဲ့သော ကျိမောင်၏ကုတ်အလွှာများကို သိမ်းဆည်းသိုလှောင်သည့်ဖိုင်ထဲတွင် ထည့်သွင်းလိုက်၏။

သူလုပ်ခဲ့တာတွေကို အေးအေးဆေးဆေး ပြန်​စဥ်းစားနေခဲ့ကာ ထိုအရာများနှင့်ပတ်သက်ပြီး သံသယဖြစ်စရာ ဘာတစ်ခုမှမရှိခဲ့ပေ။

ကလယ်ရီသည် ဆံပင်ကိုခြောက်အောင်သုတ်နေလိုက်ကာ ရှန်ကျိယွီတစ်ယောက် ဆိုဖာပေါ်တွင် ငုတ်တုတ်လေးထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူခေါင်းငုံ့ပြီး လမ်းလျှောက်လာကာ ရှန်ကျိယွီ၏ လည်ပင်းနောက်နားလေးကို ပွတ်သပ်ပေးလိုက်သည်။ " ဘာဖြစ်လို့လဲ"

ရှန်ကျိယွီက သူ့ကိုကြည့်ရန် ခေါင်းမော့ခဲ့သော်လည်း ခေါင်းသာခါပြခဲ့ကာ စကားတော့မပြောချေ။

ရှန်ကျိယွီသည် ဤမြေအောက်အခြေစိုက်စခန်း၌ နှစ်နှစ်တာမျှ ပိတ်လှောင်ခံခဲ့ရသည်။ သူ၏အသားအရေသည် အလွန်အမင်းဖြူဖျော့နေကာ ဝိုင်းစက်နေသော မျက်လုံးကြီးကြီးများဖြင့် သူ့ပုံစံလေးသည် အန္တရာယ်မရှိပုံရသည်။

ကလယ်ရီသည် ရှန်ကျိယွီ၏ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းလေးကို လက်မနှင့်ပွတ်သပ်လိုက်ပြီး ထပ်မံမွှေနှောက်ရန် သူ့ပါးစပ်ထဲသို့ ရောက်လာသည်။  ရှန်ကျိယွီက သူ့လက်ချောင်းများကို ကျွမ်းကျင်စွာစုပ်ပေးလိုက်စဥ် အေးစက်စက်အသံဖြင့် သူပြောလိုက်၏။ "သူက လိုဂန်မှာ ရှိနေတာ"

ရှန်ကျိယွီက မရပ်တန့်ဘဲ သူ့လက်ချောင်းများကို ဆက်လက်စုပ်နေခဲ့သည်။

ကလယ်ရီသည် သူ့လက်ညှိုးပြန်ထုတ်လိုက်ကာ တစ်သျှူးဖြင့်သုတ်လိုက်၏။ " ကျိမောင်တဲ့လေ. . . မင်းရောသူ့ကို နာမည်ဘယ်လိုခေါ်လဲ??"

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ