Intro

32.8K 1.1K 26
                                    

Lights in my Nightmares က အစ်မရဲ့ပထမဆုံး OC လေးဖြစ်လာပါပြီ။ ပထမဆုံး OC ရေးတာမို့ သေချာတာတော့ ဖတ်သူနည်းပါးရင်တောင် ပြီးတဲ့အထိရေးသွားမှာပါရှင်။ ဒီ OC က မြန်မာနိုင်ငံမှာ အခြေခံထားတာမဟုတ်သလို ဇတ်ကောင်အမည်တွေဟာလဲ English Name တွေဖြစ်လို့ မှတ်ရခက်လောက်ပေမယ့် အရိုးရှင်းဆုံးလေး ပေးထားဖြစ်ပါတယ်။

Switzerland နိုင်ငံ Zurich City မှာ နေထိုင်ပြီး အမှုစစ်လေးဖြစ်တဲ့ "Aiden" က နှင်းကျတဲ့ Zurich မှာနေပေမယ့် ပထမဆုံး နှင်းကျတဲ့နေ့တွေကိုတော့ အသက်၈ နှစ်နောက်ပိုင်းမှာကတည်းက မုန်းတီးခဲ့ပါတယ်တဲ့။ သာမာန်လူတွေနဲ့ မတူတဲ့ ပုံစံမျိုးလဲ သူ့မှာရှိနေတော့ အပေါင်းအသင်းမရှိသလောက် နည်းပါးလို့ သူ့မှာသူငယ်ချင်းနှစ်ယောက်သာ ရှိခဲ့ပါတယ်။ အမှုစစ်ပေမယ့် ညဘက်ပိုင်း ထွက်ရတဲ့အလုပ်တွေကိုတော့ တတ်နိုင်သလောက် ရှောင်ရှားတတ်ပြီး အိမ်မှာဆိုလဲ နေ့ရောညပါမီးတွေထိန်ထိန်လင်းအောင် ဖွင့်နေတတ်တဲ့ သူတစ်ယောက်ဖြစ်နေပြန်သေးတယ်။ အမှုစစ်ဖြစ်လာရတာကလဲ အကြောင်းရင်းတခုကို ရှာဖွေချင်ခဲ့လို့ပါတဲ့

"First Snow ဘာကြောင့်များ သူမုန်းနေခဲ့ပါသလဲ"
"ရှာချင်နေတဲ့ အကြောင်းလေးတခုကရော ဘာလဲ"
"အများနဲ့ မတူဘူးဆိုတဲ့ပုံစံလေးက ဘာများဖြစ်မှာလဲ"
"ညဘက်အပြင်ထွက်ရတာကို တတ်နိုင်သလောက်ရှောင်တတ်တာကရော ဘာကြောင့်များလဲ"
"ပြီးတော့ မီးတွေလင်းထိန်နေအောင် ဖွင့်တတ်တာကရော ဘာကြောင့်များလဲ"

"Aiden" ဆိုတဲ့သူက " Luca" ဆိုတဲ့ သူ့ထက်လျို့ဝှက်ချက် ပိုများနေဟန် ရှိနေတဲ့ သူနဲ့ဆုံတွေ့ပြီးတော့ သူရှာဖွေနေတဲ့အရာကို အတူတူရှာမှာလား။ မိဘမဲ့ကျောင်းကလာပြီး မိဘမျိုးရိုးနောက်ခံ ဘာတခုမှ ရေရေရာရာမပြောတဲ့အပြင် "Aiden" ဆီမှာ သာမာန်ထက်ပိုကဲတဲ့ အရာတွေကြုံဆုံရတိုင်း ပေါ်ပေါ်လာတတ်တဲ့ Luca က ဘယ်လိုလူမျိုးများ ဖြစ်မလဲ။ မီးဆိုရင် မီးခြစ်ကထွက်တဲ့ မီးတောက်ကိုတောင် ကြောက်နေဟန်ရှိတဲ့ Luca ကရော သူ့ဘဝမှာ ဘာတွေများကြုံဆုံခဲ့ရလေသလဲ.....

OC ဆိုပေမဲ့ Horror, Supernatural Type ဖြစ်လို့ ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲက ဇတ်ဝင်ခန်းတချို့ရဲ့ လွှမ်းမိုးမှုတော့ အနည်းငယ်ရှိနေမှာပါ။ ဘယ်ကားရဲ့ဇတ်ဝင်ခန်းနဲ့ တူနေတယ်ဆိုတာမျိုး ဖြစ်ကြမှာစိုးလို့ ကြိုပြောပြထားခြင်းပါရှင်။

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now