LIMN - 16

2.4K 431 76
                                    

ခရီးကပြန်လာပြီးတဲ့နောက် ရင်းနှီးမှုတွေပိုလာရမယ့်အစား ကျွန်တော်နဲ့ Luca ကြားအတော်အေးစက်သွားခဲ့သည်။ Luca က ထိုင်ခုံသီးသန့်ဖြစ်သွားတော့ ပို၍ပင် အနေဝေးသွားကာ တနေ့လုံးနေလို့ စကားတခွန်းပြောဖြစ်ဖို့တောင် အနိုင်နိုင်။ စခန်းရှေ့ကားရပ်ပြီး အတွင်းဘက်ဝင်လာရသည့် အခိုက်အတန့်လေးမှာတောင် တဖွဲဖွဲကျ​နေသည့် နှင်းစက်တွေက အကျီပေါ်ခိုတွဲကာ လိုက်ပါလာသည်မို့၊ အဝမှာတင်ခါချကာ သတ်မှတ်ထားရာ ခုံလေးဆီသို့ ဆက်လျှောက်လာခဲ့သည်။

"ရော့...."

ထိုင်ခုံမှထိုင်သည်နှင့် ရော့ ဟူသောစကားလုံးနဲ့အတူ ကော်ဖီခွက်ထိုးပေးလာသည့် Luca။ ဘာမှမပြောပဲ ယူထားလိုက်ပြီးနောက် အိတ်ထဲက ဘူးလေးပြန်ကမ်းပေးလိုက်တော့လဲ အသံတိတ် ပြန်ယူသွားသည်။ ဒါကအစဉ်အလာမပျက် ကျွန်တော်နဲ့ Luca ကြားပြုမူနေကြ အမူအကျင့်တခုပင်။ ကျွန်တော်ရောက်လာသည်နှင့် Luca က ဝယ်ထားသည့်ကော်ဖီဘူးလေး လှမ်းပေးတတ်သလို ကျွန်တော်ကလဲ ဝက်ပေါင်ခြောက်၊ ထမင်းနှင့် အရွက်သုတ်လေးတော့ မနက်စာအဖြစ်ထည့်ယူလာကာ သူ့ကိုပေးစမြဲ။

"ရော့နှစ်ယောက် ပွဲကအခုထိ မပြီးသေးဘူး Eric ။ သူတို့ကိုထိုင်ကြည့်နေလို့ ဗိုက်မဝဘူးဆိုတော့ ငါတို့်ဘာသာတခုခုသွားဝယ်ရအောင်။"

ရော့ ဟူသောစကားတခွန်းသာ ပြောပြီးမုန့်လဲလေ့ရှိသည့် ကျွန်တော်တို့နှစ်ယောက်အား "ရော့နှစ်ယောက်" ဟု အမည်ပေးထားသည့် Liamက Luca အပေါ်လဲ သိပ်ရှိန်ခြင်းမရှိတော့ပဲ အခုဆို ရွဲ့ပြောသွားကာ Eric နှင့်အတူ အပြင်ဘက်ဆီသို့ ပြန်ထွက်သွားတော့သည်။

"ကိုယ့်ကို စကားမပြောတော့ဘူးလား Aiden? စိတ်ဆိုးနေဆဲပဲလား။"

"ကျွန်တော်က စိတ်ဆိုးစရာဘာရှိလို့လဲ။ စိတ်ဆိုးစိတ်ကောက်ရအောင် မိန်းကလေးတွေလဲ မဟုတ်ပါဘူး။"

"ယောက်ကျား​လေး​တွေလဲ ကောက်တတ်ပါတယ်။"

"အဲ့ဒီ ယောက်ကျားတွေထဲတော့ ကျွန်တော်မပါဘူး။ "

"ခရီးကပြန်လာပြီးရင် ကိုယ်တို့ပိုပြီးရင်းနှီးလာမယ်ထင်တာ ။ အခုတော့ Aiden က ကိုယ်နဲ့ပိုဝေးသွားသလိုပဲ။"

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now