"Happy Birthday Aiden"
စခန်းအတွင်း ကားရပ်ပြီးထွက်လိုက်သည်နှင့် လှမ်းပြောလာသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ကျေးဇူးဟု ပြောလိုက်သည့်တိုင် ကျွန်တော့်အပြုအမူကအသက်မပါခဲ့မှန်း ရှုတည်တည်ပြန်ကြည့်လာသည့် ထိုလူကသက်သေပင်။ သက်ပြင်းတချက်ချကာ မိုးကောင်းကင်ဆီသို့ ဆီသို့ မော့ကြည့်လိုက်သည်။ တညလုံးကျဆင်းထားသည့် နှင်းထုကြီးကလမ်းတွေ၊ကားတွေနှင့် အပင်တွေပေါ် ထူထဲစွာဖုံးအုပ်ထားပေမယ့် ယခုတော့ ကောင်းကင်ဆီမှာ နေလုံးလေးက စတင်ပေါ်ထွက်နေခဲ့သည်။
"လှလိုက်တာ..."
ထိန်းမရစွာ နှုတ်ဖျားမှထွက်အံကျသည်အထိ နှင်းတောကြီးနှင့်နေရောင်နုနုက ပနံရလွန်းနေသည်။လူတစ်ယောက်အဆုံးသတ်ရတော့မည့်နေ့မို့ မမြင်ရတာကြာပြီဖြစ်တဲ့ နေလုံးကြီးကထွက်နှုတ်ဆက်လေသလား။ စခန်းတွင်းဝင်ရန်ခြေလှမ်းပြင်ပြီးမှ မနေ့ကစ ခွင့်ရက်ရှည်ယူသွားသည့် Luca ကို သတိရသွားသည်။ မနက်တိုင်းကော်ဖီဝယ်ပေးထားတတ်သည့် Luca မရှိသည့်မို့ ကိုယ်တိုင်သွားဝယ်ရမည်သာ။
"Aiden ?"
နောက်ကျောဆီမှ ခေါ်သံကြောင့်ထိတ်ခနဲဝမ်းသာသွားရပေမယ့် လှည့်အကြည့်မှာ မျှော်လင့်ထားသူမဟုတ်လေတော့ ရင်မောရသူက ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်သည်။ အနားသို့ရောက်လာသည့်တိုင်အောင် စကားမဆိုပဲ ကျွန်တော့်မျက်နှာကို ငေးကြည့်နေသည့် Liam နဲ့ Eric၊ မနေ့ညနေ မွေးနေ့အကြိုကျွေးကတည်းက အရင်မွေးနေ့တွေလို ရယ်မောမနေခဲ့ပဲ အရက်တွေသာဖိသောက်နေခဲ့ကြရှာသည်။ သူတို့နှစ်ယောက်ထံသို့ ကမန်းကတန်းပြုံးပြလိုက်ပြီးနောက်
"ဘာဖြစ်နေကြတာလဲ။ မနေ့ညနေ မွေးနေ့အကြိုကျွေးကနည်းက စကားမပြော အရက်ဖိသောက်ပြန်သွားကြပြီး ဒီနေ့မနက်လဲ မျက်နှာတွေကအိုစာနေလိုက်ကြတာ။ အရက်နာကျနေတာလား။"
"Aiden..."
"ကာယကံရှင် ငါတောင်ဒီနေ့လေးကို အတတ်နိုင်ဆုံး ကြိုးစားဖြတ်ကျော်နေတယ်လေ။ မင်းတို့နှစ်ယောက်လဲ..."
"မင်းကိုနောက်ဆို ငါတို့တွေ့ခွင့်မရတော့ဘူးလား Aiden။ ရုတ်တရက်ကြီးဒီလို...."
![](https://img.wattpad.com/cover/283372608-288-k368917.jpg)
YOU ARE READING
ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ
Non-FictionStory Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 2021 End Date - 27 Jan 2022 Demon တွေ၊ Supernatural type တွေကို သဘောကျတတ်သူဆိုရင် သဘောကျမယ်လို့ မျှော်လ...