LIMN - 14

2.5K 448 91
                                    

အသာအယာပွေ့ဖက်ထားသည့် ခန္ဓာကိုယ်က အချိန်တခုကြာတော့ တည်ငြိမ်သွားဟန်တူပြီး မတ်တပ်ထရပ်လိုက်သည့် Luca။ ကျွန်တော်ပါလိုက်ရပ်လိုက်ပေမယ့် သူ့ရဲ့အမူအရာအပေါ် ပြန်ရှက်နေသည့် Luca အနေခက်မှာစိုး၍ တခွန်းမှ မပြောဖြစ်သေးပဲ ငြိမ်သက်စွာနေပေးလိုက်သည်။

"ဆောရီး Aiden..ကိုယ်..."

"နားလည်ပါတယ်။ ဘာမှမဖြစ်ပါဘူး..."

"ကိုယ် တကယ်တောင်းပန်ပါတယ်။ "

"ကျွန်တော့်ကို​တောင်းပန်စရာ ဘာမှမှမရှိတာ Luca.."

"မဟုတ်ဘူး Aiden ကိုယ်မင်းကို ကိုယ့်ရဲ့ဒီလိုပုံစံကိုမမြင်စေချင်ခဲ့ဘူး။ ကိုယ့်ရဲ့ ဒီလို ပျော့ညံ့တဲ့ပုံစံ မပြချင်ခဲ့ပါဘူး။ Aiden အတွက် မားမားမတ်မတ်ရှိနေတတ်တဲ့ ပုံစံမျိုးကိုပဲ...အခုတော့..."

ခေါင်းကိုဘယ်ညာယမ်းကာ စိတ်ရှုပ်ထွေးစွာပြောနေသည့် Luca ပုံစံက ဒီလိုပုံစံပြလိုက်ရခြင်းအပေါ် ရှက်ရွံအားနာနေသည့်ပုံ အထင်းသားပင်။ သက်ပြင်းဆောင့်ချကာ ခေါင်းကိုမော့လိုက်တော့ ကျွန်တော်မနေသာတော့ သူ့လက်မောင်းတဖက်ကို ဆွဲလိုက်ပြီးနောက်....

"ကျွန်တော်အဆင်ပြေတယ် Luca...ဟုတ်ပြီလား။ အခုလိုဖြစ်သွားတဲ့ ပုံစံ​ကြောင့် Luca အပေါ် ကျွန်တော်မြင်တဲ့အမြင်က ဘာတခုမှပြောင်းလဲသွားခြင်းမရှိပါဘူး။"

ဆိုဖာပေါ် ပစ်ချထိုင်လိုက်သည့် Luca ကို ခဏတာငေးစိုက်ကြည့်နေရာမှ လွှဲဖယ်ကာ ကြမ်း​ပေါ် ပုံမပျက်ပြုတ်ကျ​နေသည့် ​မွေး​နေ့ကိတ်ကို ​ကောက်ယူကာ ဝရန်တာရှိရာသို့ ထွက်လာခဲ့ပြီးနောက် စားပွဲဝိုင်းလေးပေါ် တင်ထားလိုက်သည်။ ဒီနေ့ည မေးခွန်းတွေမေးမယ်ပြောပြီးကာမှ မမျှော်လင့်ထားသည့် ဖြစ်ရပ်ကြောင့် ကျွန်တော်မည်သို့ ဆက်လုပ်ရမည်နည်း။

အပေါ်စီးကမြင်နေရသည့် အပြင်ဘက်ဆီမှနှင်း​တွေ ဖုံးလွှမ်းနေသည့် လမ်းမ၊အိမ်ခေါင်မိုးများနှင့် တောင်တန်းကြီးများကို ငေးကြည့်နေမိသည်မှာ အေးလွန်းလှသည့်ရာသီဥတုကိုတောင် သတိမပြုမိတော့သည့်အထိပင်။ Luca အတွက် မီးတွေပါအမှောင်ချထားသည်မို့ အပြင်ဘက်ဆီက ရှုခင်းများကိုသေချာစွာ မြင်နေရသည်။ ထိုအချိန်မှာပင်...

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now