LIMN - 8

3.2K 504 142
                                    

"Luca!!!! မထသေးဘူးလား "

မနေ့ကမှ အရိုက်နှက်ခံထားရသည့်အပြင် ဆေးလိပ်မီးဖြင့်ပါအထိုးခံရထားတော့ အေးခဲလွန်းတဲ့ရာသီဥတုထဲ နာလွန်းလို့ Luca မလှုပ်နိုင်၊ နှုတ်ခမ်းနှင့်ပါးပြင်ပေါ်မှ မီးတို့ဒဏ်ရာများဆိုရင် အသားအရည်တင်းနေကာ ဆုတ်ဆွဲထားသလို ခံစားနေရသည်။ ဆံပင်တွေပြုတ်ထွက်တော့မလား ထင်ရလောက်အောင်လဲ အဆွဲခံထားရသည်မို့ ထိုဒဏ်ရာဒဏ်ချက်တွေကို လူလားမမြောက်သေးသည့် ၈နှစ်အရွယ်လေး Luca အဘယ်မှာခံနိုင်အံ့မည်နည်း။

မနက် ၅ နာရီစွန်းစွန်းမျှမှာပင် အသံပြာနေအောင် အော်ဟစ်ကြိမ်းမောင်းပြီး ခြေထောက်ဖြင့်ပါခတ်လိုက်လေတော့ တစက်ကလေးမှမအီသာသည့် ခန္ဓာကိုယ်ကို မရမက သယ်ယူကာ ခပ်တိုးတိုးလေး အသားနာခံမိသည်။

"သား..ဒီနေ့ တကယ်မထနိုင်လို့ပါ။ အရမ်းနာနေလို့ သားကိုဒီနေ့တရက်လေးပဲ ပေးနားပါ။ သားတောင်းပန်ပါတယ်။ နောက်နေ့ကစပြီး..."

စကားအဆုံးမှီမှာပင် ဂျိုစောင်းကိုဖျတ်ခနဲ လှမ်းရိုက်လိုက်သည်မို့ Luca စကားသံလေး ပြတ်သွားခဲ့ရပြီး ထိုမိန်းမကြီးကတော့ မဲ့ရွဲ့ကာအသံကုန်ကြိမ်းမောင်းနေဆဲ...

"ဟဲ့...အမယ်လေး နင်ဆိုသည်မှာလဲ အသက်အရွယ်နဲ့မလိုက်အောင် ကူလီကူမာများတယ်။ နင့်ကိုငါတို့က ဘာတွေများလုပ်ထားလို့ မထနိုင်ရတာလဲ...အခုထ!!!"

ပြောပြောဆိုဆို အတင်းဆွဲလိုက်လေတော့ စွေ့ခနဲတရွက်တိုက်ပါသွားကာ ကောက်ရိုးထုံးလေးပေါ်မှ အေးစက်စိုစွတ်နေသည့် မြေကြီးပေါ်ထိ ရောက်သွားရသည်။ နို့ထည့်ရန်ပုံးတွေ ပစ်ချပေးနေသည်ကိုလဲ Luca မကြည့်နိုင်တော့၊ ကျိန်းစပ်နေသည့် မျက်လုံးတွေကို အားယူဖွင့်၍ လက်လေးနှစ်ဖက်ပူး၍ လက်အုပ်ချီလိုက်သည်။

"သားတကယ်ဒီနေ့ မထနိုင်လို့ပါ အန်တီရယ်..နောက်နေ့တွေ မနှိုးရအောင် သားအစောကြီးထပြီး လုပ်ပေးပါ့မယ်။ သားကိုဒီနေ့တနေ့လေးပဲ ပေးနားပါ။ သား ဒီလိုမျိုးတောင်းပန်ပါတယ်။"

ရှိုက်ရှိုက်ငိုကာ ဗလုံးဗထွေးအသံဖြင့် လက်ဖဝါးနှစ်ဖက်ပွတ်ကာ ပြောနေသည့် Luca ကို အနည်းငယ်မျှသနားသွားသည်လား၊ သို့တည်းမဟုတ် သူ(မ) ဆွဲခေါ်ချိန် ပူခြစ်တောက်နေသည့် Luca ရဲ့အငွေ့အသက်ကြောင့်လားမသိ စိတ်လျှော့သွားဟန်ဖြင့် ဆောင့်ကြီးအောင့်ပြီး သက်ပြင်းတခုမှုတ်ထုတ်လာသည်။

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now