LIMN - 9

3.1K 500 86
                                    


ဒီနေ့နဲ့ဆို Luca အလုပ်ဝင်တာ ရက်သတ္တပတ်အနည်းငယ်ရှိနေပြီဖြစ်လို့ ရောက်ကာစကထက် အကူအညီ ရနေပြီလို့ သတ်မှတ်ရမည်။ မနက်ခင်းဆို Aiden မရောက်ခင်ရုံးကို ကြိုရောက်တတ်ပြီး ကော်ဖီတခွက် ဝယ်လာလေ့ရှိသည်မို့ Aiden အဖို့အရင်လို ကော်ဖီခွက်ဆွဲကာ စခန်းပြေးလာရမည့် ရက်တွေမရှိတော့ပေ။

နေရောင်မပေါက် နှင်းတဖွဲဖွဲကျ​နေဆဲ လမ်းပေါ် ဂရုတစိုက်မောင်းနှင်လာရင်း တီးလုံးသံထွက်ပေါ်လာသည့် ဖုန်းလေးထံသို့ပါ အကြည့်ရောက်သွားခဲ့ပြီး ခေါ်ဆိုသူအမည်ကို မြင်လိုက်ချိန်မှာတော့ ကိုယ်တိုင်ပင်သတိမထားမိစွာ ပြုံးမိသည်။

"ဟဲလို Luca..."

"လာနေပြီလား....ကိုယ်ရောက်နေတာ ၁၀မိနစ်ကျော်နေပြီ။"

"လာနေပြီ...ရောက်တော့မှာ..."

"ဒါဆိုကော်ဖီ သွားဝယ်ထားလိုက်မယ်နော်။ "

"ကျေးဇူး....။ ခဏနေတွေ့မယ်..."

မနက်တိုင်းဖုန်းဆက်တတ်ပြီး ရောက်ခါနီးပြီဆိုမှ ကော်ဖီသွားဝယ်ပေးထားတတ်သည့် Luca မှာ စခန်းမှတခေါက်ပြန်ထွက်နေရသည်မို့ အားနာစွာ ငြင်းဆိုသော်လည်း၊ ဝယ်ရင်တောင် တခါတည်းဝယ်လာခဲ့ ထပ်မထွက်​တော့နဲ့ဟု ပြောသော်လည်း ငြင်းဆန်ခဲ့သည့် အကြောင်းရင်းက ကျွန်တော့်ကို ကော်ဖီအေးစက်စက်ကြီး မတိုက်ချင်လို့ဆိုသည့် အကြောင်းပြချက်ပင်ဖြစ်သည်။

စခန်းဝင်းအတွင်းသို့ ရောက်ရှိလာပြီးနောက် ကားပါကင်ထိုးရပ်ကာ ဝင်ပေါက်ဆီလှမ်းမဝင်မှီ မနီးမဝေးမှာရပ်ထားသည့် ကားတစ်စီး၊ 1969 model ဖြစ်သည့် Dodge Charger အမျိုးအစားကို သမင်လည်ပြန်ကြည်လေ့ရှိတာလဲ ကျွန်တော့်အတွက် အကျင့်တခုလိုဖြစ်နေခဲ့သည်။

"ဟော Aiden ရောက်လာပြီလား....ကိုယ်စောင့်နေတာ။ ဒီနေ့ရာသီဥတုက အရမ်းအေးတော့ Aiden လာတဲ့လမ်းမှာ နှင်းတွေများပိတ်နေမလား တွေးနေမိသေးတယ်။"

မျက်မှောင်တွေ တွန့်ချိုးထားကာ ရှူတည်တည် မျက်နှာပေးဖြင့် တရုံးလုံးကိုလိုက်ကြည့်နေသည့် Luca က ကျွန်တော်ကိုမြင်လိုက်သည်နှင့် အခြားလူတစ်ယောက် အဖြစ်ပြောင်းလဲသွားသည့်အလား သွားတွေ တန်းစီပေါ်လာပြီး မျက်လုံးထဲ အရည်လဲ့သွားသည်အထိ ပြုံးရွှင်ကြိုဆိုတတ်သည်။ ယခုလဲ ကော်ဖီတခွက် ကျွန်တော့်ရှေ့ချပေးပြီး သူကိုယ်တိုင် ကတော့ မပျက်မယွင်း ၆လုံးတကဒ်ပါဝင်သည့် နို့ဘူးတွေ အပေါ် ပိုက်အစေ့လိုက်တပ်ထားသည်။

ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ Where stories live. Discover now