"တခါတုန်းက လူတစ်ယောက်ကသူ့ရဲ့ဘဝဇတ်ကြောင်းကို အခြားသူတစ်ယောက်ရဲ့ ဘဝဇတ်ကြောင်းအဖြစ်ပြောပြခဲ့တယ်။ အပြည့်အစုံမဟုတ်ပေမယ့် ဘဝတစ်စိတ်တစ်ပိုင်းကို သိခဲ့ရတာပေါ့။ နတ်ဆိုးကြီးနဲ့အပေးအယူလုပ်ပြီး မသေတော့မယ့် ဘဝတခုကိုတောင်းဆိုခဲ့တဲ့ကောင်လေး၊ အဲ့ဒီနတ်ဆိုးက တောင်းဆိုတဲ့ကောင်လေးရဲ့အသက်၃၀အရွယ်ကနေစပြီး ထာဝရရှင်သန်ရမယ့်ဘဝတခုကို အပေးအယူအနေနဲ့ပေးခဲ့တယ်။ ကောင်လေးနာမည်က Luca တဲ့။"
ကျွန်တော့်စကားကြောင့် Luca က အသာရယ်သည်။ ပုံပြင်ကရယ်စရာကောင်းလို့မဟုတ်ပဲ ပုံပြင်ထဲကကောင်လေးနာမည်ကို Luca ဟုသုံးလိုက်ခြင်းအပေါ် သဘောတကျဖြစ်သွားဟန်။
"အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေးက သူထွက်ပြေးချင်နေခဲ့တဲ့ နေရာကြီးကနေ ထွက်ပြေးလာနိုင်ခဲ့ပြီးမိဘမဲ့ဂေဟာပြီးတခုအရှေ့မှာတော့ရာသီဥတုဒဏ်ကြောင့် မေ့လဲသွားရာကနေ အဲ့ဒီဂေဟာမှာနေခွင့်ရခဲ့ပါရော။ အဲ့ဒီနေရာမှာပဲ သူ့ဘဝရဲ့အမြတ်နိုးဆုံးအရာဖြစ်လာမယ့် Aiden ဆိုတဲ့ကောင်လေးကို တွေ့ခဲ့ရတယ်။ အသက်မတိမ်းမယိမ်းပေမယ့် သွက်သွက်လက်လက်နဲ့ ဂေဟာရောက်ကာစ ကြောက်နေခဲ့တဲ့ Luca ဆိုတဲ့ကောင်လေးကို ကာကွယ်ပေးခဲ့တဲ့ Aiden ဆိုသူလေးပေါ့။"
မျက်လုံးတောင်မဖွင့်နိုင်တော့လောက်အောင် အထိနာထားသည့် Luca က သူ့ကိုပွေ့ဖက်ထားတဲ့ ကျွန်တော့်ရင်ခွင်ထဲ မျက်လုံးအစုံမှေးမှိတ်ကာ နားစွင့်ရင်း နောက်တချက် တိုးဖွဖွလေးရယ်ပြန်သည်။
"တစနဲ့တစအရွယ်ရောက်လာတဲ့ သူတို့နှစ်ယောက်ရဲ့ အသက်၁၅ ၁၆ ဝန်းကျင်လောက်မှာတော့ ဂေဟာမှူးကြီးရဲ့နောက်ကွယ်ကအကျင့်ဆိုးကြီးကို Luca ကအမှတ်မထင်တွေ့ရှိခဲ့ရတယ်။ ဂေဟာရောက်လာတဲ့မိန်းကလေးတွေကို အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ညညဆိုခေါ်ခေါ်ပြီး မုဒိမ်းမှုကျူးလွန်လေ့ရှိပြီး သူများကိုပြန်ပြောရင် ဂေဟာကနေနှင်ထုတ်မယ်၊ မပြောပဲနေမယ်ဆိုရင် မုန့်ဖိုးပေးမယ် လက်ဆောင်တွေလဲဝယ်ပေးမယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်းတမျိုးနဲ့ အားကိုးရာမဲ့နေတဲ့ သူတို့လေးတွေ ပြောမထုတ်ရဲလောက်အောင် အကျပ်ကိုင်ယုတ်မာနေခဲ့တဲ့ အကြောင်းကိုအမှတ်မထင် Luca ကတွေ့ရှိခဲ့တယ်တဲ့။"
YOU ARE READING
ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ
Non-FictionStory Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 2021 End Date - 27 Jan 2022 Demon တွေ၊ Supernatural type တွေကို သဘောကျတတ်သူဆိုရင် သဘောကျမယ်လို့ မျှော်လ...