စခန်းမှစတင်ထွက်ခွာလာခဲ့ပြီး မိနစ်ပိုင်းတော့ မေးသမျှ ကောင်းကောင်းမွန်မွန် ဖြေနေသည့် Luca မှာ နောက်ပိုင်းမှာတော့ အစအနောက်များရောနှော ဖြေလာပြီမို့ ထိုအကြောင်းအရာတွေနှင့် ပတ်သတ်ပြီး သူ သိပ်ပြောပြချင်ပုံမရပေ။ ထို့ကြောင့်ပင် အလိုက်သိစွာ ထပ်မံမမေးဖြစ်တော့။ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လုနီးတာကြောင့်လဲ အပါအ၀င်ပေ။
pfaffikersee Lake က ခရီးသွားလည်ပတ်သူ အများအပြားလာလေ့၇ှိသည့် နေရာမဟုတ်သော်ငြား လည်ပတ်သူ အထိုက်အလျောက်တော့ ရှိသည်။
အခင်းဖြစ်ပွားရာနေရာရဲ့ အစဟု ယူဆရမည့် လူသွားလူလာနည်းသည့် တံတားလေးတစ်စင်းအနီးမှာတော့ မှုခင်းဆိုင်ရာ ရဲများရှိနေကာ ကြည့်ရှုနေသူ အရပ်သားတွေကိုတော့ စည်းအ၀ါဖြင့် ကာရံထားပြီး ကန်အတွင်းမှာလဲ လှေငယ် အများအပြားက တစုံတရာကို လိုက်လံရှာဖွေနေကြသည် ထင်သည်။"Luca သွားရအောင်....။"
ဘေးချင်းယှဉ်ရက် လိုက်လာသည့် Luca က တခွန်းမှာတော့ မပြောပေမယ့် ဘယ်တုန်းကတည်းက ယူလာမှန်း မသိရသည့် ခြောက်လုံးတကဒ်ပါဝင်သည့် နွာနို့ဘူးသေး ခြောက်ဘူးစလုံးအပေါ်မှာ ပိုက်လိုက်တပ်ထားတာ တဘူးပြီးတဘူး သောက်လို့နေသည်။ နွားနို့သောက်တာ မထူးဆန်းသော်လည်း ဒီလိုမျိုးကဒ်လိုက် တစ်ထိုင်တည်း သောက်သည့် အပေါ်တော့ အနည်းငယ် အံ့သြသွားသည်ဖြစ်လို့ ခြေလှမ်းများပင် တုံ့ခနဲရပ်သွားကာ သူ့ကို လှည့်ကြည့်နေမိသည်။ ထိုတော့မှ Luca သည်လည်း မျက်နှာတစ်လျှေက် လိုက်ပွတ်သပ်ကာ..
"ဘာဖြစ်လို့လဲ...ကိုယ့်မျက်နှာအပေါ်မှာ တခုခုရှိနေလို့လား..။"
"မရှိပါဘူး...။ သွားရအောင်..ပြီးတော့ Luca ကိုယ်ဆိုတဲ့ အသုံးအနှုန်းပြင်ပါလား။ မင်းနဲ့ငါနဲ့လို့ ပွင့်ပွင့်လင်းလင်းသုံးလို့ရပါတယ်။"
"မသုံးချင်ဘူး။ ကိုယ်...ဆိုတဲ့ အသုံးအနှုန်းလေး Aiden မကြိုက်လို့လား..။"
ထိုသို့ မေးလာတော့လဲ မကြိုက်ဘူးဟု ဖြေရမှာ အားနာနေသည့် ကျွန်တော်က ခေါင်းအလိုအလျောက် ခါယမ်းပြမိသားပင်။
"မဟုတ်ပါဘူး ဘယ်သူမှ အဲ့ဒီလို သုံးနှုန်းတာ မကြားဖူးတော့ ကြားရတာ တမျိုးကြီး ဖြစ်နေလို့။"
YOU ARE READING
ʟɪɢʜᴛꜱ ɪɴ ᴍʏ ɴɪɢʜᴛᴍᴀʀᴇ
Non-FictionStory Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 2021 End Date - 27 Jan 2022 Demon တွေ၊ Supernatural type တွေကို သဘောကျတတ်သူဆိုရင် သဘောကျမယ်လို့ မျှော်လ...