Part 6

830 55 0
                                    

အိပ်ပျော်သွားသော ကြွေရုပ်လေးကို Jungkook ဘယ်သူ့ဆီမှ မပေးနိုင်တော့၍ အရှက်မရှိဘူးဆိုရင်လဲ ဆိုကြပါစေတော့...အိမ်ထောင်သည်တစ်ယောက်ကို ခိုးယူထွက်ပြေးဖို့ဆိုတာ ဒီကြွေရုပ်လေးက သိပ်တန်ဖိုးရှိလွန်းတယ်လေ....ကြွေရုပ်လေးနား ဝဲနေတဲ့သူမှန်သမျှ ရိုက်သတ်ပစ်ချင်လောက်အောင် အထိမခံနိုင်၍ပင်....ပိုင်ရှင်ဆိုတဲ့ကောင်ကိုတောင် သတ်ပစ်ချင်နေတာ ကြွေရုပ်လေး စိတ်မကောင်းဖြစ်သွားမှာစိုးလို့ စိတ်မနဲထိန်းနေရသည်....

အမှန်အကန်အချစ်တွေနဲ့ အဆုံးစွန်ထိ ချစ်ပေးဖို့ ခိုးလာခဲ့ပီးပီ....နိုးလာခဲ့လို့ မကြည်ဖြူရင်လဲ အလှထိုင်ကြည့်နေမည်...ပြန်ပို့ဖို့ အစီစဉ်တော့ ဒီတစ်သက် မရှိခဲ့...ခုတစ်ခေါက်သာ လက်လွှတ်ဆုံးရှုံးရမည်ဆိုလျှင် သူတကယ်သေသွားနိုင်သည်....သို့မဟုတ် ရူးသွားလိမ့်မည်...

အမှတ်အထင်အသက်ရှင်နေရတဲ့ လူ့ဘဝမှာ ထိုကြွေရုပ်လေးအနားမှာပဲ ရှိနေချင်သည်....လူသတ်ရတာ အရိုးစွဲနေပါစေ ကြွေရုပ်လေး မကြိုက်လျှင် အလုံးစုံစွန့်လွှတ်ပစ်လိုက်ဖို့ ဝန်မလေးခဲ့...ဆယ့်လေးနှစ်ကျော် အရိုးစွဲလာခဲ့သော အရိုင်းစိတ်တွေ အစွယ်ဖွေးဖွေးတွေကို တဖြည်းဖြည်းနဲ့တော့ ဦးချိုးပစ်ရလိမ့်မည်...ကြွေရုပ်လေး မုန်းသွား၍ မဖြစ်....ကြောက်သွား၍ မဖြစ်...

" တီ...တီးတီ...တီ...."

အရေးအကြောင်းဆို အနှောက်အယှက်က ဝင်လာပြန်ပီ...ဖုန်းမကိုင်လို့ မရတဲ့သူက ခေါ်နေသည်...စိတ်မြန်လက်မြန်ဆရာဖြစ်သူက အိမ်ထိလိုက်လာမှ ကြွေရုပ်လေးကို တွေ့သွားပီး အန္တရာယ်ကြားထဲ ဆွဲခေါ်လာသလို ဖြစ်နေမှာလဲ စိုးလှသည်...

" hello...ဆရာ JK ပါ...ဘာခိုင်းစရာရှိလို့လဲ ဆရာ...."

" ငါ့သား အဖေ့ဆီလာခဲ့အုံးကွ...မင်းတို့နားရက်မှာ အထက်ကပေးလာတဲ့ အရေးကြီး Mission ပေါ်လာခဲ့လို့ အားတော့နာတယ်ကွာ....ဒါပေမယ့် ခုချက်ချင်းလာမှ ဖြစ်မယ်...."

" ကျနော်မဟုတ်ပဲ တခြားလွှဲလို့မရဘူးလားဆရာ....ကျနော်ခုအချိန်မှာ လူမသတ်ချင်သေးလို့ပါ..."

" အဖေ စောင့်နေမယ်...ငါ့သားတွေမှ မဟုတ်ရင် မဖြစ်ဘူး...ဒါကြောင့် အဖေသားအလာကို စောင့်နေမယ်....မင်းအကိုတွေလဲ ရောက်နေကြပီ...."

✨ Butterfly Fly Away ✨Where stories live. Discover now