Part 10

699 43 0
                                    

✨ Butterfly Fly Away ✨
✨ ပျံသန်းသွားတော့ လိပ်ပြာငယ် ✨
Part 10
🌚🌚🌚🌚
Jungkook ပေါ်အိပ်ပျော်နေရာမှ လူလည်ကြွေရုပ်လေးက အိမ်ရှေ့ကားရပ်တာနဲ့ ချက်ချင်းဆင်းပြေးတော့ ရုတ်တရက်ဘာဖြစ်တာလဲ ကြောင်သွားသေးသည်....နောက်မှ သူကျိန်းထားတာကို ကြောက်ပီးဆင်းပြေးသွားတာမှန်းသိမှ ရယ်လိုက်ရတာ အူတွေတောင်နာသည်....

" ဟေး...ဘယ်ကိုထွက်ပြေးတာလဲ...ပြေးနေရင် နှစ်ဆနာမယ်နော်...."

" ငါထိုးမှာနော်....လိုက်မလာနဲ့လို့ဆို..."

အသွက်အလည်လေးက ပြေးသွားလိုက်တာ လှေကားထစ်တွေကို လွှားခနဲ လွှားခနဲ....တပည့်တွေရှေ့ သရုပ်ပျက်ပီး ပြေးလိုက်လို့ကလဲမရ...ဒီကောင်လေး ဒါတွေကြိုသိနေလို့ အကဲစမ်းနေပီ....သူ့အခန်းသူပြန်ရောက်တာနှင့် တံခါးက လော့ချထားသေးသည်....

" ခုတော့နေနှင့်အုံးကလေး...ကိုကိုအောက်ကတပည့်တွေနဲ့ အလုပ်ကိစ္စပြောဖို့ သွားလိုက်အုံးမယ်...လော့ချထားလဲ သော့ကကိုကို့ဆီမှာဆိုတော့ ဘယ်ချိန်ဝင်လာလာ ရတယ်နော်...အကြောက်လွန်ပီး စောင်ကြီးခြုံမထားနဲ့အုံး...ချွေးထွက်များပီး ချွေးနဲ့ပြန်အအေးပတ်နေမယ်....ကိုကိုပြောတာကြားလား..."

" မကြားဖူး....သိလဲမသိဘူး...မင်းများ ငါကကြောက်နေမယ်ဆိုတော့...လာလာချည်သေး....ဟားဟား...."

" အေးပါ...ခဏနေအဲ့အသံလေး ကြားချင်ပါသေးတယ်...ရန်တွေ့နိုင်အုံးမလားလို့..."

" သွားသွား...ရှုပ်တယ်...ကိုယ့်အလုပ်ကိုယ် သေချာလုပ်စမ်းပါ...."

" အင်း...စောင့်နေနော်..."

" မစောင့်ဘူး...ငါကအိပ်ပီ..."

Jungkook စွာတေးလန်လေးရဲ့ အခန်းထဲကပုံစံလေးကို စိတ်ကူးထဲပုံဖော်ကြည့်နေမိသည်...နှုတ်ခမ်းလေး တစ်ထွာလောက်ထွက်ပီး ထော်လန်လေးဖြစ်နေမှာ ချစ်ဖို့ကောင်းနေလိုက်မည့် သူ့ရဲ့နွယ်ပင်လေး....အလုပ်ကလဲ ကိုယ်တိုင်စီစဉ်မှဖြစ်မှာမို့ နောက်မှသေးသေးလေးနဲ့ တစ်ညလုံး ရှင်းတော့မည်....

Jungkook အောက်ဆင်းသွားတော့ တပည့်တွေက ခိုင်းထားတဲ့အလုပ်တွေ အဆင်ပြေကြောင်း...အကုန်လုံးလမ်းကြောင်းရှင်းကြောင်းပြောတော့ ကျေနပ်မိရပြန်သည်....

✨ Butterfly Fly Away ✨Where stories live. Discover now