Part 8

701 45 2
                                        

Jimin ရေချိုးပီး အပေအတေကောင်မရှိလောက်တော့ဘူးအထင်နဲ့ အိမ်မှာလိုပဲ အောက်ပိုင်းပဲတဘက်ပတ်ပီး ထွက်လာခဲ့သည်....ခေါင်းကိုရေသုတ်ရင်း ထွက်ခဲ့တာမို့ အပေါက်ဝမှာ ရှိနေသူကို သတိမထားမိပဲ ဝင်တိုက်မိတာ သူ့ပခုံးတွေပါအောင့်သွားသည်...ဘာတွေစားပီးအဲ့လောက်ကျစ်လျစ်နေတာလဲ...မာလိုက်တဲ့ရင်ဘတ်ကြီး....

" အမေ့...."

" ကိုကိုကကြောက်စရာကြီးမို့လား....သေချာတာကတော့ ဒီသေးသေးလေးက စိတ်မထိန်းချင်စရာလေး...."

" သေချင်လို့ မင်း...."

နှာဘူးကောင်ပြောမှ မလုံမခြုံဖြစ်နေသည့် အပေါ်ပိုင်းကို တွေ့ရာနဲ့ကောက်ခြုံလိုက်တော့ ဟာသပျက်လုံးတစ်ခု လုပ်ပြနေတယ်ထင်နေလားမသိ...ရယ်နေတာ လူကောင်ကြီးနဲ့မှမလိုက် တအိအိနှင့်....သိပ်မုန်းဖို့ကောင်းတာပဲ....

" အဝတ်လဲတော့လေ...အအေးပတ်တော့မှာပဲ...."

" မင်းရှိနေတာ ငါဘယ်လိုလဲရမှာလဲ...အကောင်ရဲ့..."

" ငယ်တုန်းကကျ ကိုကိုကိုယ်တိုင်လဲပေး...တစ်ခါတစ်လေဆို ကိုကိုနဲ့တူတူချိုးကြတာလေ...ဒါကိုရှက်နေသေးတာလား....အကုန်မြင်ဖူးပီးသားပဲကို...."

" -ီးလိုပဲ.....ထွက်ဆိုထွက်လိုက်နော်...ဟေ့ကောင်.."

" မထွက်ဘူးဆိုရင်ရော...."

" ok လေ....မင်းကစိန်ခေါ်လာတော့လဲ...."

ကြွေရုပ်လေးက ဘာမှပြောမနေတော့ဘဲ အပေါ်ပိုင်းခြုံထားသော တဘက်ကို ချွတ်ချလိုက်ပီး အောက်ပိုင်းတဘက်ပတ်ထားတဲ့ပုံစံနဲ့ အခန်းထဲက ထွက်နေပီ....ဘာလုပ်မှာလဲမသိလို့ ထိုင်ကြည့်နေရင်း လှေကားပေါ်ကဆင်းနေတာတွေ့လိုက်မှလJungkook ပြာရပီ....အောက်မှာ တပည့်တွေက တပုံကြီး...ဒီကြွေရုပ်လေးရဲ့ အလှတရားအလုံးစုံက ဘယ်သူ့အတွက်မှ မဖြစ်စေရ...ဆံပင်လေးတွေပေါ်က စတော်ဘယ်ရီနံ့လေးကအစ တွန့်တိုတတ်သူမို့ ရင်ပူရသည်...

ငယ်စဉ်ထဲက ရယ်သံချိုချိုလေးကအစ သဝန်တိုခဲ့ရတာ ခုလိုမျိုးကတော့ အကြီးကြီးဂျယ်လီနင်ရမှာ.... တားမှဖြစ်တော့မည်....လှေကားတဝက်လောက်ထိ ရောက်နေသော အလှတရားလေးကို ငမ်းကောင်းနေကြတဲ့တပည့်တွေက သရေတမြားမြား....ကြွေရုပ်လေးကို ကောက်ပွေ့ချီလိုက်ရင်း အောက်ကတပည့်တွေကိုလဲ လက်ညှိုးတထိုးထိုးနဲ့ တကယ့်အရူးကြီးလို ကိုယ့်အဖြစ်ကိုယ်တောင် ရှက်ရကောင်းမှန်းမသိနိုင်တော့....ပြုစားလွန်းတဲ့ ကြွေရုပ်လေးကြောင့် အငမ်းလွန်နေတဲ့ တပည့်တွေကို $ခွက်တွေချည်း ပိတ်ထိုးပစ်ချင်လာပီ....

✨ Butterfly Fly Away ✨Where stories live. Discover now