Jimin တို့ အထုပ်တွေတပွေ့တပိုက်ကြီးနဲ့ Shopping ထွက်လာပီး အိမ်ပြန်အလာ မတွေ့ချင်တဲ့မျက်နှာကြီးက ဆီးကြိုနေပြန်ပီ....
" ကျွတ်...မတွေ့ချင်ပါဘူးဆိုမှ ရောက်လာပြန်ပီကွာ....နှစ်ယောက်ထဲအေးအေးချမ်းချမ်းလေးနေချင်ပါတယ်ဆိုမှ...တကယ့်အရှုပ်ထုတ်တွေပဲ..."
" ကလေးကလဲ....ဒေါသပိစိလေးကို ခဏသိမ်းထား....ဆရာက ဘာအရေးကြီးလို့လဲမှမသိတာကွာ...."
" မဟုတ်တာလုပ်ခိုင်းဖို့ပဲနေမှာပေါ့...ကိုကို ကလေးလူသတ်တာလုံးဝမကြိုက်ဘူးနော်..."
" ကလေးလေးက ကိုကိုတို့လုပ်ငန်းသဘောတွေလဲ နားလည်နေရဲ့သားနဲ့....မဂျစ်နဲ့ကွာ..."
" ပြောထားပီးသားစကား နှစ်ခါပြန်မပြောဘူး ကိုကို....မလုပ်နဲ့ဆို မလုပ်နဲ့..."
" ကလေးကလဲကွာ....ကိုကို့ကို အရမ်းအနိုင်ကျင့်တာပဲ...."
" အဲ့တော့မချစ်ချင်တော့ဘူးလား...ပြော...ရတယ်နော် အချိန်မရွေး ဆင်းသွားပေးမယ်...."
" မဟုတ်ရပါဘူးဗျာ....ချစ်လိုက်တာမှ တုန်နေတာပဲ...မချစ်ရရင် သေသွားနိုင်တယ်ကလေးလေးရဲ့..."
ကားလေးက ပေါ်တီကိုအောက်ရောက်တာကြာနေပီ....ကားပေါ်က အိမ်ကြီးရှင်လေးတွေကတော့ ဆင်းမလာသေး...
" ကလေးကိုကိုက ကလေးမရှိရင် သေသွားနိုင်သလို ဒီကလေးပိစိလေးကလဲ ဟောဒီကကိုကိုအနားမှာ မရှိရင် အသက်ရှူလို့တောင် မဝဘူးမှန်းသိထား....ကိုကို့ကို အရာရာပုံအပ်ပီးချစ်ထားတာမို့ ကလေးကို စိတ်ပျက်မသွားရဘူးနော်..."
Jungkook ဒီိကလေးသေးသေးလေးစကားကြောင့် ခဏတော့တွေဝေသွားပေမယ့် အကြာကြီးစဉ်းစားမနေနိုင်...
" ချစ်မဝနမ်းမဝလေးကို ဘာလို့စိတ်ပျက်ရမှာလဲကွာ....ခုတော့အောက်ဆင်းမှ ရတော့မယ်ကလေး...ဆရာနဲ့ အကိုတွေစောင့်နေတယ်...."
" ဟွန့်....ပီးတာပဲ....အဲ့အိတ်တွေသယ်ခဲ့...ကလေးတက်နှင့်ပီ...အဲ့လူတွေနဲ့ မျက်နှာချင်းကို မဆိုင်ချင်ဘူး..."
Jimin ဆူပုတ်ပုတ်ကလေးနဲ့ အိမ်ပေါ်ထပ်အရင်တက်သွားမလို့ ဧည့်ခန်းကိုဖြတ်လိုက်တာနဲ့ တားဆီးခြင်းခံရပြန်တာမို့ ဒေါသနဲ့ပြန်ကြည့်လိုက်တော့ မထီတရီမျက်နှာပေးက ဆွဲထိုးပစ်ချင်စရာအတိ...
![](https://img.wattpad.com/cover/284354238-288-k995407.jpg)
YOU ARE READING
✨ Butterfly Fly Away ✨
Kısa Hikayeချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်