" သခင်လေး....သခင်လေး....အကိုလေး ပြန်ရောက်နေပီ...သခင်လေး...အကိုလေးJimin အိမ်ပေါက်မှာ ရောက်နေပီခင်ဗျ...."
Taehyung နာရေးနဲ့အလုပ်ရှုပ်နေပါတယ်ဆိုမှ ဝူးဝူးဝါးဝါးအော်ပီး ပြေးလာသော ခြံစောင့်လုပ်သူကြောင့် စိတ်ရှုပ်သွားသည်....သေချာနားထောင်မှ အာရုံအလုံးစုံတို့ တက်ကြွလာပီး ထိုင်ရာကချက်ချင်း မပြေးရုံတမယ် ထွက်လာခဲ့မိသည်....
"ဘယ်မှာလဲ မင်လေးဘယ်မှာလဲ...."
အိမ်နဲ့ခြံဝ အတော်လှမ်းတာတောင် Taehyung ခြံဝကိုဘယ်လိုရောက်သွားလဲမသိ...ခြံတိုင်ကိုမှီပီး သတိမေ့နေသည့် အသဲအသက်လေးက အနဲငယ်တော့ ဖြူဖျော့နေသည်....
" မင်လေး....ယောင်းလေ...သတိရရဲ့လား...မင်လေး....ကြာပီလား ဘယ်သူလာထားသွားတာလဲ...."
" အိမ်ရှေ့လူခေါ်ဘဲလ်တီးသံကြားလို့ ထွက်ကြည့်တော့ အကိုလေးကို တွေ့တာပဲသခင်လေး...အသားဖွေးဖွေးနဲ့ လူကောင်သေးသေးနှစ်ယောက်ရဲ့ နောက်ကျောကိုပဲတွေ့လိုက်ရတယ် သခင်လေး...."
" Lewis CCTV ခန်းက လုံခြုံရေးတွေ ငါ့ဆီလွှတ်လိုက်...record တွေအကုန်လိုချင်တယ်...ပီးတော့ ဆရာဝန်ချက်ချင်းပင့်ခဲ့...."
" ဟုတ်ကဲ့ သခင်လေး..."
Lewis က ခေါင်းငြိမ့်အရိုအသေပေးလိုက်ပီး Jimin ကိုချီမယ်လုပ်တော့ လက်ကာပြလိုက်ပီး သူကိုယ်တိုင်ပဲ ချီလာခဲ့သည်...ကွဲကွာသွားတဲ့ နေ့ရက်တွေအတွင်းမှာ ကိုယ်ငယ်လေးက ပေါ့သွားလိုက်တာ ပြည့်ပြည့်ဖောင်းဖောင်း ပါးမို့မို့လေးတွေလဲ ပျောက်ကုန်သည်....လက်ဖောင်းဖောင်းလေးတွေတောင် ပို၍သေးသွားသယောင်....ရင်ဘတ်ထဲမှာ တစ်တစ်ဆို့ဆို့ကြီး ဖြစ်သွားတဲ့ ခံစားချက်ကို ဘယ်လိုပြောပြရမှန်းပင် မသိတော့....
ကိုယ်ငယ်လေးကို ကုတင်ပေါ်အသာချ အဝတ်စားနွေးနွေးထွေးထွေးလေးဝတ်ပေးလိုက်ပီး လက်ဖမိုးလေး ခပ်ဖွဖွနမ်းရင်း ဆရာဝန်အလာစောင့်နေတုန်း လူးလွန့်လာတာကြောင့် Taehyung မျက်ဝန်းတို့ အရောင်စုံလင်းလက်သွားသည်....
" မင်....မင်လေး....သတိရလာပီလား...ကိုယ်ရှိတယ်နော် အသဲလေး...."
" ယောင်း....ယောင်းလားဟင်...."

YOU ARE READING
✨ Butterfly Fly Away ✨
Krótkie Opowiadaniaချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်