Part 9

645 43 2
                                    

Jimin အိမ်ကြီးကနေ အဝေးကိုပြေးထွက်ခဲ့ပေမယ့် အုံ့မှိုင်းနေသော ရာသီဥတုကြောင့် ကြောက်မိတာမို့ ဘေးဘီဝဲယာအကူအညီတောင်းဖို့ လိုက်ကြည့်တော့ တစ်လမ်းလုံးခြောက်ကပ်တိတ်ဆိတ်လို့...ဖြတ်သွားဖြတ်လာ ကားကြီးကားငယ်တွေကလဲ ရပ်မပေး....

ခြေထောက်မြေပေါ်မကျအောင် ကဲလွန်းသဲလွန်းခဲ့သော ဟိုအပေအတေကောင်နဲ့ ယောင်းကြောင့် အရေးအကြောင်းကြုံချိန် ဘာလုပ်ရမှန်းမသိခဲ့....ဘယ်ရောက်နေမှန်းလဲ မသိနိုင်၍ စမ်းတဝါးဝါး သွားနေရသည်....လောကတစ်ခွင် အုံ့ဆိုင်းမှုန်မှိုင်းလို့....

" ဟိတ်...အလှလေး...တစ်ယောက်ထဲလား...အကိုကြီးတို့ ဘယ်လိုက်ပို့ပေးရမလဲ..."

ဖြတ်သွားသော ကားတစ်စီးက ပြန်ကွေ့လာပီး မေးလာတော့ အားတက်သွားရသည်...

" ကျတော့်ကို xxလမ်း..ခြံအမှတ် 13 ကို ပို့ပေးရင် ကျေးဇူးဆပ်ပါ့မယ်ဗျာ...."

Jimin အကူညီရလိုရငြား တောင်းကြည့်ခဲ့ပေမယ့်ပုံစံတွေက ရီဝေဝေတွေနဲ့ သိပ်မဟုတ်ချင်ကြ...

" ဟေ့ကောင်တွေ...အလှလေးက အကူညီတောင်းနေတယ်လေ...လူမှုရေး မသိတတ်လိုက်ကြတာကွာ...."

" ဟုတ်...ကျေးဇူးပါဗျာ...ကျတော့်နာမည် Kim Jimin ပါဗျ....အိမ်ရောက်ရင် ကျတော်သေချာပြန်ဧည့်ခံပါ့မယ်ဗျာ...."

" Kim Jimin ဆိုတော့ Kim Taehyung နဲ့ ဟိုတလောကလက်ထပ်ထားတဲ့သူလေးပေါ့...."

" အကိုတို့က သိနေတာပေါ့....."

" သိတာပေါ့....လာလာတက်...ဟိုကောင်တွေ ဘာလုပ်နေတာလဲ...အအေးလေးဘာလေးထုတ်ပေးလေကွာ...အလှလေးကို သေချာဂရုစိုက်ကြပါ...."

ဆင်းလာသော လူတွေဆီက ဆေးခြောက်နံ့ရတာကြောင့် ဆက်လိုက်သွားဖို့က စိတ်ထဲမရဲ....ကိုယ်တိုင်လဲ ယောင်းနဲ့အတူ လက်တည့်စမ်းခဲ့ဖူးတာမို့ ဆိုးကျိုးတွေ သိနေတာကြောင့် ပို၍ပင်မလိုက်ရဲတော့....

" မေ့တော့မလို့အကိုတို့ရေ....ကျတော် ဟိုနားလေးမှာ ပစ္စည်းလေးတွေ ထားထားတာ သွားယူလိုက်အုံးမယ်နော်...ခဏစောင့်နော်...."

" ကိုကြီးတို့ရော လိုက်ကူသယ်မှာပေါ့...ဘယ်မှာလဲ ပစ္စည်းတွေက...."

✨ Butterfly Fly Away ✨Where stories live. Discover now