ဂျူတီကုတ်အဖြူလေး
အပေါ် နားကြပ်လေးတပ်ထား
ပြီး မျက်မှန်အဝိုင်းလေးတပ်ထား
ကာ လူနာတွေအပေါ်အပြုံးချိုချို
လေးပေးပြီးကုသပေးတတ်သည့်
နှလုံးရောဂါအထူးပြု ဒေါက်တာ
ကင်မ်ထယ်ယောင်း ။ဒယ်ဆောင်းဆေးရုံ
၏ မရှိမဖြစ်ဒေါက်တာ
တစ်ယောက်ဆိုလည်းမမှားပေ ။ကုသပေးခံရသည့်လူနာ
တိုင်းဟာ ဒေါက်တာကင်မ်နှင့်
တွေ့လျှင်ရောဂါတစ်ဝက်သက်သာသည်
ဟု နာမည်လည်းကြီးပေသည် ..။" ဒေါက်တာရှင့် .. round လှည့်ပြီးရင်
ဆေးလာယူမယ့် လူနာ၂ယောက်ရှိပါတယ် "လက်ထောက်သူနာပြုမလေး
လာပြောသည်ကို ဆေးစာတွေကြည့်
နေရင်း ..." ဒါဖြင့် ဆေးလာယူတာပြီးရင် ကျန်တာ
မရှိတော့ဘူးပေါ့ အိုင်ရင်း "" ဟုတ် မရှိတော့ပါဘူး "
" အင်းအင်း ကောင်းပြီ "
ဆေးစာတွေကို သေချာပြန်စီလိုက်ပြီး
ဂျူတီကုတ်ကို ပြန်ထပ်ဝတ်ပြီး round
လှည့်ရန်ထွက်လာလိုက်သည် ။သူနာပြုမလေးကလည်း
စာအုပ်တစ်အုပ်နှင့်အတူအနောက်က
အပြေးလိုက်ရသည် ။သူ့ဒေါက်တာ ကင်မ်က လူနာတွေနဲ့
ပတ်သက်ရင် ဆက်ဆက်ထိမခံသလို
အလေးလည်းထားသောကြောင့်ဖြစ်ပေသည်..။__________
" ဘယ်လိုနေသေးလဲဗျ .. တစ်နေရာက
အောင့်နေတာမျိုးတွေရှိရင်ကျတော့်ကိုပြောနော် "မနေ့ကမှ နှလုံးအဆို့ရှင်လဲထားသည့်
လူနာအား မေးနေသော ဒေါက်တာကင်မ် ။" ပြေပါတယ် .. ဒေါက်တာလေးရယ်
ဒေါက်တာလေးကိုယ်တိုင်ခွဲပေးမှတော့
အဆင်ပြေတာထက်ကိုပိုနေတာပေါ့ "" ဟုတ်ပါပြီဗျာ .. ခွဲထားတာမကြာသေး
တော့ အလေးတွေမမနဲ့ဦးနော် ၊ စိတ်တိုတာ
စိတ်လှုပ်ရှားတာ စိတ်အတတ်အကျဖြစ်စေ
မယ့် အကြောင်းတွေတတ်နိုင်သလောက်
ရှောင်စေချင်တယ် "" ဟုတ်ကဲ့ပါ .. ဒေါက်တာလေး
ဒေါက်တာလေးကိုလေ ကျမ သမက်အရမ်း
တော်ချင်တာဘဲရှင် ၊ ဒေါက်တာလေးလို
တော်လည်းတော် ချောလည်းချောတယ့် သူ
မျိုးနဲ့ သမက်တော်ချင်တယ် "