"ဟန်နီ အရင်ရေချိုးလိုက်နော်
မောင် emailလေးတစ်ချက်စစ်စရာရှိလို့""ဟုတ်ပြီလေ မောင်
ဒါဆို ဟန်နီအရင်ချိုးလိုက်မယ်နော်"ထယ်ယောင်းလည်း
မောင့်ကိုပြောပြီး အခန်းထဲ
ဝင်လာလိုက်သည်။ပညာတော်သင်ကိစ္စနဲ့
ပတ်သက်ပြီး မောင်ကဘာမှမပြောသည်မို့
နည်းနည်း စိတ်မကောင်းဖြစ်မိပေမယ့်
ငြင်းဆန်တာ မျိုးလည်းမဟုတ်၍ အဆင်ပြေ
သည်ဟုဆိုရပါမည်လေ။နှစ်ယောက်အခန်းထဲ
ဝင်သွားသည့် ဟန်နီ့ကိုကြည့်ပြီးမှ
ဂျောင်ကုစာကြည့်ခန်းထဲသို့
ဝင်လာလိုက်သည်။ဂျောင်ကု စိတ်တွေတအား
ရှုပ်ထွေးလွန်းနေသည်။ဆုံးရှုံးရမှာကြောက်လို့
အပိုင်သိမ်းထားကာမှ အရုပ်လေးက
ထပ်ပြီး ဒီလူကိုစုံကန်ချင်နေတော့
ဂျောင်ကု စိတ်ရိုင်းတွေကလွှတ်ထွက်
ကုန်မလိုဖြစ်နေရသည်။သို့ပေမယ့်
ထပ်မကြမ်းချင်တော့။ထပ်ကြမ်းမိလျှင်
ဟန်နီကြောက်သွားမှာ
မုန်းသွားမှာ သိပ်ကြောက်ပါသည်။သို့ပေမယ့်
ဂျောင်ကုအပိုင်လေးက ဒီလူကို
ထားခဲ့ချင်နေမှတော့ မရက်စက်ချင်
လည်းရက်စက်ပေရတော့မည်။ဒါက မင်းကိုချစ်လို့ပါဟန်နီရယ်။
မင်းကိုချစ်လွန်းလို့ပါကွာ..။အံဆွဲထဲက ဆေးဘူးကို
ကိုင်ကြည့်ရင်း ဆုံးဖြတ်ချက်ကို
ခိုင်မာစွာချလိုက်တော့သည်။Ringing..
စားပွဲပေါ်ကဖုန်းသံကြောင့်
ကြည့်မိတော့ ယွန်းဂီဟျောင်းန်ဆီမှ။"ဟယ်လို ဟျောင်းန်"
"အော..ဒီတစ်ပတ်ငါ အန်တီလေးဆီ
လာမလို့ အဲ့တာမင်းလည်းလာခဲ့လေ
တွေ့ကြတာပေါ့"📱"အာ..ဟုတ်သားပဲ
ကျွန်တော်တို့လည်း လာဖို့လုပ်နေ
တာရယ် တွေ့ကြတာပေါ့ ဟန်နီကလည်း
မားဆီသွားဖို့ခနခနပြောနေတာ""အင်း အဲ့တာလှမ်းပြောတာ"📱
ယွန်းဂီဟျောင်းန် ဖုန်းချသွားမှ
ဂျောင်ကုလည်း ဆေး၂ဘူးကိုယူကာ
အခန်းထဲကထွက်လာလိုက်သည်။