ဆေးရုံဝင်းထဲသို့ဝင်လာသော
အနက်ရောင်ကားတစ်စီး။ထိုပေါ်ကဆင်းလာသူကtop1
Company၏CEOဂျွန်ဂျောင်ကု။ဆေးရုံကဆရာဝန်မလေးများ
နဲ့သူနာပြုမလေးများမှာအထာ
ပေးချင်ကြသော်လည်းထိုသူ
သည်အိမ်ထောင်ပြုပြီးပြီဖြစ်
သောကြောင့်နှမြောတသစွာ
အဝေးကကြည့်နေရသည်။ပြောင်လက်နေသောအနက်
ရောင်ရှူးဖိနပ်ကကြမ်းပြင်
ထက်ခြေချရင်းသူ့အချစ်
ကလေးရှိသည့်အထပ်သို့
သွားလေတော့သည်။"ဒေါက်တာကင်မ်ထယ်ယောင်း
ကကံကောင်းလိုက်တာနော်..
အခုလိုရူပါကလည်းမိမိုက်ပြီး
ချမ်းသာတယ့်အိမ်ထောင်ဘက်
မျိုးရထားတာ""ဟုတ်ပ..ဒေါက်တာကလည်း
ချောတယ်လေ..အက်တော့
နေနဲ့လရွှေနဲ့မြလိုလိုက်ဖက်
နေတော့တာပေါ့..ငါတော့
အားကျတယ်တအားပဲ"ထွက်သွားသည့်ဂျောင်ကုကို
ကြည့်ရင်းတီတွန်းပြောနေကြ
သည့်ဆရာဝန်မလေးနှစ်ယောက်။တကယ်လည်းဒေါက်တာကင်မ်နဲ့
ceoဂျွန်တို့ကသိပ်ကိုလိုက်ဖက်
လွန်းလှပါသည်။.
."အကိုဂျောင်ကု..ဒေါက်တာ့ကိုလာကြိုတာ
လား..?!"ဟန်နီ့အခန်းရှေ့ကအိုင်ရင်းကမေး
လာတော့ဂျောင်ကုလည်းခေါင်း
ငြိမ့်ကာပြုံးပြလိုက်သည်။ဟန်နီ့ကိုလာပိုးကတည်းက
အိုင်ရင်းနဲ့ရင်းနှီးနေခဲ့သည်။အစကဟန်နီနဲ့အနေနီးနေသည့်
အိုင်ရင်းကိုသဘောမကျခဲ့ပေ
မယ့်အိုင်ရင်းကိုယ်တိုင်ကမြှား
နတ်မောင်လုပ်ပေးခဲ့လို့နည်း
နည်းတော့သဘောကျကာ
ဟန်နီ့အနားဆက်ထားထား
ခြင်းဖြစ်သည်။မဟုတ်ပါကဟန်နီ့အနားမှာ
အခုလိုရှိနေမည်မဟုတ်ပါ။"ဒေါက်တာကခွဲခန်းထဲဝင်သွား
ပါတယ်..ဆရာဝန်ကြီးခွဲတာကို
အကူသဘောမျိုးနဲ့လိုက်သွားတာ
အကိုခနလေးတော့စောင့်ရမယ်
ထင်တယ်""အွန်း..အကိုသိတယ်"
"ရှင်..!"
"အော..ခွဲခန်းထဲဝင်နေတော့
အကိုအခန်းထဲမှာစောင့်ရမယ်
ဆိုတာသိတယ်ပြောတာပါ..
လုပ်စရာရှိတာလုပ်ပါ..အကို့ကို
အားမနာနဲ့ ..!"