ဒီနေ့ထယ်ယောင်းရဲ့ နားရက်လေးမို့
ဒယ်ဂူကအဒေါ့်ဆီသွားရန် စောစော
ထဖြစ်သည်။မောင်ကတော့ အိပ်ယာပေါ်မှာအိပ်
နေဆဲသာ။မောင်ကအမြဲတမ်းအိပ်ယာထနောက်
ကျတတ်သည်။အလုပ်ဖွင့်ရက်ဆိုရင်တောင် တစ်ခါ
တစ်လေထယ်ယောင်းကနှိုးရစမြဲ။အိပ်နေတဲ့မောင့်မျက်နှာက ပကတိကြည်
လင်နေသည်။သဝန်တိုတိုင်း၊ မောင့်စကားကိုနားမထောင်
မိတိုင်း ခက်ထန်တတ်သည့်မောင့်မျက်နှာဟာ
အခုတော့ ကြည်လင်အေးချမ်းနေသည်။မောင့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီ
ကိုမြတ်နိုးပေမယ့် နှုတ်ခမ်းအောက်ကမှဲ့
လေးကိုတော့ ပိုကာမြတ်နိုးမဝဖြစ်ရသည်။အခုထိထယ်ယောင်းကို တင်းတင်းကြပ်ကြပ်
ဖက်ထားသည့် မောင့်လက်ကိုဖွဖွလေးကိုင်ကာ
ဖယ်လိုက်ရင်း ထထိုင်လိုက်သည်။အခုမှ၈နာရီလောက်ပဲရှိသေးတာဆိုတော့
မောင့်ကိုမနှိုးသေးပဲဆက်အိပ်ခိုင်းထားမည်။မောင်က ကုမ္ပဏီကိုဦးစီးရတာမို့ နားချိန်
တော့အပြည့်အဝနားသင့်သည်လေ။မျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်ပြီး မောင့်
အတွက်မောင့်သွားတိုက်တံပေါ်မှာ သွားတိုက်
ဆေးထည့်ပေးထားလိုက်သည်။ဒါ ထယ်ယောင်းရဲ့အိမ်ထောင်ကျပြီး
ကတည်းကမောင့်အပေါ်လုပ်ပေးသည့်
အလေ့အကျင့်တွေထဲကတစ်ခုပင်ဖြစ်သည်။မောင့်အတွက်ထည့်ပြီးမှ မျက်နှာသစ်သွား
တိုက်တာကိုထယ်ယောင်းလုပ်ဖြစ်သည်။ထယ်ယောင်းမျက်နှာ ငုံ့သစ်နေတုန်းခါး
ပေါ်ရောက်လာသည့်လက်တစ်စုံကြောင့်
မျက်နှာသစ်ရင်းပြုံးမိသည်။"နိုးပြီလား မောင်"
ထယ်ယောင်းခါးကိုဖက်ထားပြီး ပုခုံးပေါ်
မေးတင်ထားသည့်မောင့်ကိုမှန်ထဲကတစ်
ဆင့်မေးလိုက်တော့ ထယ်ယောင်းလည်ပင်း
ကိုအနမ်းခြွေပြီးခေါင်းငြိမ့်ပြသည်။မောင်က တယ်လည်းအသားယူတတ်
သေးတာ။"ဟန်နီ ဒီနေ့ပိတ်ရက်ကိုဘာလို့အစောကြီး
ထတာလဲ??"