မီးဖိုချောင်ထဲတွင်အေပရွန်လေး
ဝတ်ကာမနက်စာပြင်နေသည့်
ထယ်ယောင်းငယ်။အခုဆိုသူကအိမ်ထောင်သည်
ဖြစ်ခဲ့တာတစ်ပတ်ရှိခဲ့ပြီလေ။မောင်နဲ့လက်ထပ်ဖို့ကိုဒေါ်လေး
ကိုခွင့်တောင်းတုန်းကလက်ခံပေး
ခဲ့သလို၊မောင့်မေမေကလည်း
ထယ်ယောင်းလူနာဖြစ်ဖူးသည်မို့
ထယ်ယောင်းနှင့်မောင့်ကိုသဘော
တူပေးခဲ့ကြသည်။ယောင်္ကျားလေးနှစ်ယောက်
လက်ထပ်ပွဲမို့အကြီးအကျယ်
မလုပ်တော့ဘဲဘုရားကျောင်းမှာပဲ
လက်ထပ်ပွဲလုပ်ခဲ့ကြသည်။မောင်ကတော့သူ့သဘောအတိုင်း
အကြီးအကျယ်မလုပ်လို့စိတ်ဆိုး
ပါသေးသည်။ထယ်ယောင်းခံယူထားသည်က
ကြီးကျယ်ခမ်းနားမှုတွေမဟုတ်ဘဲ
လက်ထပ်ရမည့်လူကမောင်ဖြစ်ရင်
ပြည့်စုံပြီဟုသာ။ထယ်ယောင်းအမြဲစိတ်ကူးယဉ်
ထားသည့်အိမ်ထောင်ရေးက
နှစ်ဦးသားနားလည်မှုရှိပြီး
အေးအေးချမ်းချမ်းလေးဖြတ်
သန်းချင်သည့်အိမ်ထောင်ရေး
ဖြစ်သည်။မောင်ကလည်းသူ့ကိုချစ်
သူကလည်းမောင့်ကိုချစ်
ဒါဆိုရင်သူတို့အိမ်ထောင်
ရေးကအဆင်ပြေပြီလေ။ဂျူတီချိန်ကနေ့လယ်မှ
ဖြစ်သောကြောင့်
အေပရွန်လေးဝတ်ပြီး
မောင့်အတွက်မနက်စာ
ပြင်ပေးနေမိသည်။မောင်ကကော်ဖီခါးခါး
လေးကိုမနက်ပိုင်းသောက်
ရတာကြိုက်သောကြောင့်
မောင်အစာအိမ်အတွက်
လည်းအဆင်ပြေစေရန်
ပေါင်မုန့်ကြက်ဥကြော်
လေးပါကြော်ရန်စဉ်းစား
လိုက်သည်။ကော်ဖီချည်းဘဲဆို
မောင့်ကျန်းမာရေး
ထိခိုက်မည်ကိုစိုး
ရိမ်သည်လေ။အက်လောက်ထိမောင့်ကို
ထယ်ယောင်းသိပ်ချစ်ရပါ
သည်။စချစ်တာမောင်ဆိုပေမယ့်
ဆက်ချစ်သွားမည်က
ထယ်ယောင်းသာ။မောင့်လောက်မဟုတ်ရင်
တောင်မောင့်ထက်မလျော့
သောချစ်ခြင်းတွေနဲ့ချစ်
တယ်ဆိုတာမောင်သိပါလေ။တစ်တီတီဖြင့်မြည်နေသော
ရေနွေးအိုးကိုချလိုက်ကာ
ခွက်လေးထဲရေနွေးထည့်
ပြီးမောင့်အကြိုက်ကော်ဖီ
တစ်စွန်းထည့်ကာမွှေလိုက်
သည်။