ဒီနေ့ထယ်ယောင်းအလုပ်ပြန်ဆင်း
မည့်နေ့ဖြစ်သောကြောင့်အစော
ကြီးထကာပြင်ဆင်ဖြစ်သည်။ဒယ်ဆောင်းဆေးရုံမှာလုပ်သက်
ကြာသူပီပီအလုပ်မဆင်းပဲနေလျှင်
တစ်ခုခုလိုအပ်နေသလိုခံစားနေရ
သည်။မောင်လုပ်ထားတဲ့ဒဏ်ကလည်း
အတော်အသင့်သက်သာနေပြီမို့
အလုပ်ပြန်ဆင်းရန်ဆုံးဖြတ်လိုက်
ခြင်းဖြစ်သည်။မောင်ကတော့ကုတင်ပေါ်မှာအိပ်
မောကျနေဆဲသာ။ယုန်သွားလေးပေါ်နေသည်မို့
ထယ်ယောင်းအသည်းယား
ကာမောင့်နှုတ်ခမ်းလေးကို
အနမ်းခြွေမိသည်။မောင်ကလုပ်ငန်းကြီးတွေကို
တစ်ယောက်တည်းဦးစီးရတာ
ဆိုတော့ပင်ပန်းနေရှာမှာ။ခနအိပ်ပါစေဆိုပြီးမနှိုးတော့
ပဲခြေသံဖွဖွလေးနှင့်အတူရေ
ချိုးခန်းထဲသို့ဝင်လိုက်တော့သည်။ကုတင်ပေါ်ကဂျောင်ကုကတော့
အနမ်းသူခိုးလေးကြောင့်ရင်ခုန်
ကာအိပ်ချင်ယောင်ဆောင်နေဆဲ
သာ။...
"ဟော မောင်နိုးပြီလား
ဟန်နီအကျီထုတ်ပေးထား
တယ်နော် မနက်စာတော့
ဟန်နီတို့အပြင်မှာစားကြ
မယ်"ရေချိုးခန်းထဲကထွက်လာသည့်
ဟန်နီကစကားပြောနေသော်
လည်းဂျောင်ကုအကြည့်က
ဟန်နီ့အလှတရားလေးဆီကိုသာ။Bathrobeကိုရင်ဘတ်မစိဘဲ
ဝတ်ထားသောကြောင့်မြင်နေရ
သည့်ရင်ဘတ်ဖွေးဖွေးကအနမ်း
ခြွေချင်စရာကောင်းလှသည်။"မောင့် ဟန်နီပြောတာကြား
လား အခုထိအိပ်ချင်နေတုန်း
လားဟမ်??"ထယ်ယောင်းမောင့်ကိုပြောနေသော်
လည်းမောင်ကဘာမှပြန်မပြောဘဲ
စိုက်ကြည့်နေသည်မို့အိပ်ချင်မပြေ
သေးဘူးဟုတွေးမိသည်။"အင်း မောင်အိပ်ချင်နေတုန်းပဲ
လာခဲ့ပါအုံး မောင့်အားသွင်း
ချင်တယ်"ကုတင်ပေါ်ကလက်ဆန့်တန်းကာ
ခေါ်နေသည့်မောင့်ကြောင့်
ထယ်ယောင်းလည်းမောင့်အနား
သို့သွားလိုက်သည်။ထယ်ယောင်းမောင့်အနားသို့
ရောက်သည်နှင့်မောင်ကထယ်
ယောင်းကိုယ်လေးကိုပေါင်
ပေါ်သို့ဆွဲချလေသည်။