ညစာကိုထယ်ယောင်းတို့အပြင်
မှာဆူရှီဝင်စားပြီးအိမ်ကိုပြန်လာ
ခဲ့ကြသည်။ဆိုင်ရှေ့မှာအော်ငိုမိသောကိုယ့်
ကိုယ်ကိုယ်ပြန်တွေးမိတော့
ထယ်ယောင်းမျက်နှာပူလာသည်။ဝမ်းသာလုံးစို့ပြီးဒေါက်တာကင်မ်
ထယ်ယောင်းကကလေးလိုအော်
ငိုမိခဲ့တာဘဲ..။အိမ်ရောက်တာနဲ့မောင်ကတော့
ရေမိုးချိုးကာအကျီလဲပြီးအလုပ်
စားပွဲမှာထိုင်ပြီးအလုပ်လုပ်နေ
ပြီဖြစ်သည်။လုပ်ငန်းကြီးကိုတာဝန်ယူထား
သောမောင်ဟာသိပ်ကိုတာဝန်
ကြီးလွန်းလှသည်။တခြားသူတွေဆိုစာကြည့်ခန်း
မှာအလုပ်လုပ်တတ်ပေမယ့်
မောင်ကတော့ထယ်ယောင်း
ကိုခနလေးတောင်မခွဲနိုင်ဘူး
ဟုဆိုကာအိပ်ခန်းမှာသာအ
လုပ်လုပ်သည်။"ဟန်နီ..မောင်ရေနွေးလေးစပ်
ပေးထားခဲ့တယ်၊မြန်မြန်ချိုး
နော်မောင်mailစစ်စရာလေး
ရှိလို့""ဟုတ်ကဲ့ပါ..မောင်ရဲ့"
ထယ်ယောင်းမောင်နဲ့ထယ်
ယောင်းအဝတ်တွေကိုအဝတ်
လျှော်စက်ထဲထည့်နေသော
ကြောင့်အခုမှရေချိုးရမည်။အိမ်မှာယောကျာ်းသားနှစ်ယောက်
ထဲမို့အိမ်အကူလည်းမခေါ်ထားပေ။မောင်ကလည်းလူရှုပ်တာမကြိုက်
သလို၊ထယ်ယောင်းကလည်းလူရှုပ်
တာမကြိုက်ပေ။ထို့ကြောင့်မောင်ကချက်ကျွေးလိုက်
ထယ်ယောင်းကပြန်ချက်ကျွေးလိုက်
ဖြင့်သာနှစ်ပါသွားသည်။မောင့်မေမေကတော့ပိတ်ရက်
တုန်းကအရန်ဟင်းတစ်ချို့လာ
ပေးထားသည်။ထယ်ယောင်းလည်းရေချိုးခန်း
ထဲသို့ဝင်ကာရေချိုးရန်လုပ်
တော့မောင်ကရေနွေးလေးစပ်
ပေးထားသည်။လက်ထပ်ပြီးကတည်းက
မောင်ကရေချိုးတိုင်းရေ
နွေးလေးစပ်ပေးတတ်သည်။ထယ်ယောင်းလည်းဆရာဝန်
ဖြစ်သည်မို့ညတိုင်းရေချိုးလျှင်
ခေါင်းလျှော်တတ်သည်မို့ရေ
ပန်းလေးဖွင့်ကာချိုးလိုက်တော့
လူကလန်းဆန်းသွားသည်။