|| 3 ||

4.5K 443 39
                                    

" ခွဲစိတ်ပြီးချိန် ၁နာရီနဲ့ မိနစ်၂၀
ခနနေကြရင် ပိုးသတ်ခန်းထဲပြောင်းလို့ရပြီ
နော် ၊ ကဲ အက်တာဆို ပင်ပန်းသွားကြပါပြီ
ခွင့်ပြုပါဦး "

နှလုံးအဆို့ရှင်ခွဲစိတ်မှု
ပြီးတာနဲ့ ထယ်ယောင်းလည်း
အတူခွဲရသည့် ဆရာဝန်လေး
များနှင့် သူနာပြုများအား
နှုတ်ဆက်စကားဆိုပြီးတာနဲ့
ခွဲခန်းထဲက ထွက်လာလိုက်
သည် ။

ဇက်ကြောတက်နေသည်
မို့ ခေါင်းလေးစောင်း
လိုက်ကာ Mask နှင့်
ခွဲစိတ်သုံးဝတ်စုံလေးကို
ပုံးထဲထည့်ပြီး အခန်းရှိရာသို့
ပြန်လာခဲ့လိုက်တော့သည် ။

ထယ်ယောင်း အခန်းကိုရောက်တော့
အခန်းရှေ့မှာ စောင့်နေသည့်
အိုင်ရင်းက ..

" ဒေါက်တာရှင့် ခုနက အကိုဂျောင်ကုလာ
သွားပါတယ် စောင့်နေပေမယ့် အလုပ်က
ခေါ်လို့ဆိုပြီး ပြန်သွားတယ် ၊ ဒေါက်တာ
ခွဲခန်းက ထွက်လာရင် သူ့ကိုဖုန်းဆက်ပါတဲ့ "

" အာ .. ဟုတ်ပြီ round က ဘယ်ချိန် လှည့်ရ
မှာလဲ ..?! "

" နေ့လယ်တစ်နာရီပါ ဒေါက်တာ "

" အွန်း .. နေ့လယ်စာအရင်သွားစားလိုက်‌လေ
အကို နောက်မှစားမယ် ၊ အခုတော့ ခနနားချင်လို့ "

ဆိုပြီး အခန်းထဲဝင်သွားသည့်
ဒေါက်တာလေးအား ကြည့်ပြီး
အိုင်ရင်း လေးစားမိသည် ။

ခွဲစိတ်ရာမှာရော ၊ ကုသမှုမှာပါ
တော်သည့် ‌ဒေါက်တာလေးက
ဒယ်ဆောင်းဆေးရုံ၏ မရှိမဖြစ်ပင် ။

အထွေထွေမှာရော ၊ နှလုံးမှာပါ
နာမည်ကြီးသည့် ဆေးရုံ၏ ပန်းကလေး ။

_________

ထယ်ယောင်းလည်း
အခန်းထဲရောက်တာနဲ့ ဆိုဖာမှာ
ထိုင်ချပြီး အိတ်ထဲက ဖုန်းလေးကို
ထုတ်ကာ တစ်ယောက်သောသူ
ဆီကိုဖုန်းဆက်လိုက်သည် ။

ဖွင့်ပြောပြီး တစ်လအကြာမှာ
ထယ်ယောင်းဘက်က
ဂျောင်ကုကို အဖြေပြန်ပေးခဲ့
သည်မို့ အခုဆို ထယ်ယောင်း
နဲ့ ဂျောင်ကုက တွဲနေကြပြီ
ဖြစ်သည် ။

ထယ်ယောင်းအနေနဲ့
ယောင်္ကျားလေးချင်းကြိုက်တာ
ကို မနည်းစဉ်းစားဆုံးဖြတ်ပြီးမှ
အဖြေပြန်ပေးခဲ့တာဖြစ်ပြီး ၊
ဂျောင်ကု၏ မလျှော့သောပိုးပန်း
မှုတွေကြောင့် အဖြေပြန်ပေးခဲ့တာ
လည်းဖြစ်သည် ။

Belief√Where stories live. Discover now