|| 12 ||

3.5K 362 30
                                    

"မောင်ဘာပြောလိုက်တာလဲဟင်"

ထယ်ယောင်း မောင့်ကိုမယုံနိုင်စွာ
မေးတော့‌ အံ့ဩနေသည့်ထယ်ယောင်း
ပုခုံးကို မောင်ကလာကိုင်ကာ...

"မောင်တို့ကလေးယူကြမယ်လို့
မောင်နဲ့ရော ဟန်နီနဲ့ရောတူတဲ့ကလေး
လေးတစ်ယောက်လောက်ယူကြမယ်"

ခုနက‌ ဒေါ်လေးနဲ့စကားပြောတုန်းက
တောင်မောင်ကဘာမှမပြောခဲ့ပဲအခုမှ
လာပြောတာမို့ထယ်ယောင်းပိုအံ့ဩမိသည်။

"ဟို-"

"ထယ်ယောင်းဂီ..?"

ထယ်ယောင်း မောင့်ကိုပြန်ပြောဖို့
လုပ်နေစဉ်နာမည်ခေါ်သံကြားလိုက်၍
လှည့်ကြည့်တော့ငယ်ငယ်ကခင်ခဲ့သည့်
ဘေးအိမ်ကဟျောင်းန်ဖြစ်နေသည်။

"ဟိုမင်းဟျောင်းန်..!"

ထယ်ယောင်းခေါ်လိုက်တော့
ဟျောင်းန်ကသူ့မူပိုင်အပြုံးလေးပြုံးကာ
ထယ်ယောင်းတို့ဆီလျှောက်လာသည်။

ထယ်ယောင်းခေါ်လိုက်သံကြောင့်
ဂျောင်ကုမျက်ခုံးနှစ်ဖက်ဟာကျူံ့ကာ
ကျစ်စုတ်သပ်သွားပြီး အရှေ့ကလာနေ
သည့်တစ်ယောက်ကိုအကဲခတ်နေသည်။

"အိုက်ကိုး..!
ငါ့ကလေးလေးတောင်ဒီအရွယ်ဖြစ်
လာပြီပဲ၊ ဟျောင်းန်ကဒေါ်လေးဆီ
လာတာဒေါ်လေးကခြံနောက်မှာထယ်
ယောင်းဂီရောက်နေတယ်ဆိုလို့လာခဲ့တာ၊
ကလေးစုတ်လေး ဟျောင်းန်ဆီတောင်မဝင်
လာဘူး၊ စိမ်းကားချက်"

ထယ်ယောင်း တက္ကသိုလ်စတက်မယ့်နှစ်
မှာတင်ဟိုမင်းဟျောင်းန်ကနိုင်ငံခြား
ထွက်သွားသည်မို့ ဟျောင်းန်နဲ့အဆက်
အသွယ်ပြတ်တာ၄နှစ်နီးပါးလောက်ရှိ
မည်ထင်သည်။

မင်္ဂလာဆောင်တုန်းကလည်း
ဟျောင်းန်ကိုမဖိတ်လိုက်ရချေ။

"ကျတော်က ကလေးမဟုတ်တော့
ပါဘူးနော်၊ အိမ်ထောင်တောင်ကျနေပြီ"

ထယ်ယောင်း ဂုဏ်ဆာသည့်အပြုံး
လေးဖြင့်ပြောလိုက်လျှင်‌ဟိုမင်း
ဟျောင်းန်သည်အံ့ဩသွားလေသည်။

"ဟေ..ဟုတ်လား
ဒီကလေးကတော့အကိုကိုဖိတ်
တောင်မဖိတ်ဘူးပဲ"

"ဟျောင်းန်ကဖြင့်အဆက်အသွယ်
မလုပ်ပဲပျောက်ချက်သားကောင်းနေ
တာကိုလို့"

Belief√Where stories live. Discover now