|| 2 ||

5.1K 494 91
                                    

ခွဲခန်းထဲကထွက်လာတော့
စားပွဲပေါ်မှာတင်ထားသည့်နှင်း‌ဆီပန်း
တစ်ပွင့် ။

ဒါက ဟိုဂျွန်ဂျောင်ကုဆိုသည့်
လူ ဆေးရုံကိုလာပြီးကတည်းကနေ့တိုင်း
ရောက်လာသည့် နှင်းဆီပန်းဖြစ်သည် ။

အက်နေ့က ရုတ်တရက်ကြီးflirt ပြီး
နောက်နေ့တွေမှာတော့ နှင်းဆီပန်းပေးနေ
ခြင်းဖြစ်သည် ။

ထယ်ယောင်းက မိန်းကလေးမှ
မဟုတ်တာ ပန်းပေးတာရင်ခုန်မည်တဲ့လား..။

တကယ်တော့
အဟမ်း မဆိုသလောက်လေးတော့
ရင်ခုန်‌ပေမယ့်ပေါ့ ..။

" အိုင်ရင်း .. သူဘယ်တုန်းက လာသွားတာလဲ ..? "

" ဟို .. ဒေါက်တာ ‌ခွဲခန်းဝင်နေတုန်းကပါ
ထိုင်စောင့်နေပေမယ့် အလုပ်ကကိတ်စရှိလို့ဆိုပြီး
ပြန်သွားတာပါ "

" ဪ .. အင်း သွားတော့
လူနာရှိရင် လွှတ်လိုက် ၊ အကိုခနနားချင်လို့ "

ထယ်ယောင်းပြောလိုက်တော့
အိုင်ရင်းက ပြုံးစိစိလုပ်ကာထွက်သွားလေရဲ့ ။

ဂျွန်ဂျောင်ကုဆိုသည့်လူက
အမြဲလိုလို နှင်းဆီပန်းလာပေးနေမှတော့
အိုင်ရင်းက တစ်မျိုးထင်ပြီပေါ့ ။

မသကာ ချစ်ရင်ချစ်တယ်ပြောလိုက်ရတာ
ဘဲဟာ .. ဘယ့်နှယ် နှင်းဆီပန်းတွေပေးနေရတာတုန်း ။

ခုံပေါ်ကနှင်းဆီလေးကို ပန်းအိုးထဲထည့်
လိုက်တော့ အိုးထဲကနှင်းဆီအပါအဝင်
၈ပွင့်ရှိပြီဖြစ်သည် ။

ထယ်ယောင်းလည်း ပန်းအိုးထဲထည့်ပြီး
တာနဲ့ မျက်မှန်ချွတ်ပြီး မျက်ရိုးလေးကိုနှိပ်နေ
လိုက်သည် ။

ခွဲခန်းကို ၂ချိန်ဆက်တိုက်ဝင်ထားတော့
လူက အရမ်းပင်ပန်းနေပြီလေ ။

ကုပေးလိုက်တယ့် လူနာတွေသက်သာ
တာနဲ့တင် သူဆိုတာပင်ပန်းတာပါပျောက်
သည့်လူမျိုးဖြစ်သည် ။

စားပွဲပေါ်ကိုမှောက်ကာ မျက်လုံးအနား
ပေးရန်လုပ်လိုက်သည် ။

.
.
.

" ဒေါက်တာလေး ခွဲခန်းထဲက ထွက်လာပြီလား "

" အာ .. ဟုတ်ထွက်တော့ထွက်လာပေမယ့်
အနားယူနေပါတယ် "

" အင်းအင်း ရတယ် ကျတော်ဝင်သွားလိုက်မယ် "

Belief√Where stories live. Discover now