"အကိုဂျီမင်း!ဒီနေ့အကိုထယ်ယောင်း
မလာဘူးလားဟင်"လူနာပါးတုန်းလေးဂျီဟွန်းအကိုဂျီမင်း
ဘေးသွားကာအကိုထယ်ယောင်းအ
ကြောင်းမေးမိသည်။မနေ့တုန်းကအကိုထယ်ယောင်း
အမျိုးသားကအကိုထယ်ယောင်းကို
ဆွဲခေါ်သွားသည်မို့စိတ်ပူပြီးတစ်ည
လုံးစိုးရိမ်နေခဲ့တာ။ဒီနေ့ကျအကိုထယ်ယောင်းကအလုပ်
မဆင်းသည်မို့ပိုမိုကာစိတ်ပူမိသည်။သူ့ကြောင့်နဲ့သူများအိမ်ထောင်ရေး
အဖုအထစ်ဖြစ်မှာမလိုလားဘူးလေ။"အော..ဂျီဟွန်းဒီနေ့ထယ်ယောင်းက
နေမကောင်းလို့ခွင့်တင်ထားတယ်""ဟုတ်လားအရမ်းနေမကောင်းဖြစ်
နေတာလားဟင်၊ကျတော်ကကျတော့်
ကြောင့်သူတို့ကြားအဖုအထစ်ဖြစ်
သွားတာလားစိတ်ပူနေတာ"ဂျီမင်းလည်းဆေးစာအုပ်ကိုချလိုက်
ပြီးဂျီဟွန်းဘက်လှည့်ကာ.."ထယ်ယောင်းအမျိုးသားကအက်လို
ပါပဲ၊အရမ်းသဝန်တိုတတ်တယ်လေ
အရမ်းလည်းသည်းတယ်၊ငါတို့အသိုင်း
အဝိုင်းကလူတွေဆိုထယ်ယောင်းကို
တော်ရုံစကားမပြောရဲကြဘူး၊အခုက
လည်းမင်းကြောင့်မဟုတ်ပါဘူးကွာ
စိတ်ထဲထားမနေနဲ့!"အကိုဂျီမင်းစကားကြောင့်နည်းနည်း
စိတ်သက်သာရာရသွားပေမယ့်မနေ့
ကအကိုထယ်ယောင်းနဲ့စကားပြောနေ
မိတော့အကို့ကိုအထင်လွဲသွားမှာစိုးရိမ်
မိသည်။သူကအကိုထယ်ယောင်းကို
မြင်မြင်ချင်းစီနီယာတစ်ယောက်
လိုသဘောကျရုံပါပဲ။"အကိုဂျီမင်း..ကျတော့်ကိုတစ်ခုလောက်
ကူညီပေးနိုင်မလားဟင်""ပြောလေအကိုကူညီပေးမယ်"
"ညနေကျ ကျတော်အကိုထယ်ယောင်း
ဆီသတင်းသွားမေးချင်လို့အဲ့ဒါကျတော့်
ကိုလိုက်ပို့ပေးနိုင်မလားဟင်"ဂျီဟွန်းစကားကိုအနည်းငယ်တွေဝေ
မိသွားပေမယ့်သူလည်းထယ်ယောင်း
ကိုသတင်းမေးသွားမှာမို့လက်ခံလိုက်
သည်။ဂျောင်ကုမကြိုက်လည်းဂျီမင်းပါ
တာမို့အဆင်ပြေဖို့ကိုသာဆုတောင်း
မိသည်။