ပြောင်နက်နေသော
ဇိမ်ခံကားတစ်စီးသည်
အဆင့်မြင့်အထူးကုဆေးရုံ
ဝင်းအတွင်းဝင်ကာဆေးရုံ
စဉ်ဝင်အောက်တွင်ထိုးရပ်
သွား၏။ထို့နောက်ကားတံခါးဟာပွင့်
လာပြီးထိုကားပေါ်မှဆင်းလာ
သောယောင်္ကျားပျိုတစ်ဦး။ဆေးရုံကိုတစ်ချက်အကဲခတ်
ကာဆေးရုံထဲသို့လျှောက်လှမ်း
လာသည်။တီရှပ်အမဲဟာ တောင့်တင်းလှ
သည့်ခန္ဓာကိုယ်တွင်လိုက်ဖက်
စွာတည်ရှိနေသည်မို့ဆေးရုံထဲ
မှဒေါက်တာများနှင့်nurseများ
၏ငေးခြင်းကိုခံရသည်။အပြုံးအရယ်မရှိဘဲ
တည်တင်းနေသောမျက်နှာ
ဖြစ်လင့်ကစား ထိုသူသည်
ကြည့်ကောင်းတာထက်ပို၍
သာလွန်နေတော့သည်။ထို့ကြောင့်လည်း
ဆေးရုံထဲကလူတော်"များ
၏အာရုံစိုက်ခြင်းကိုခံရသည်။ပတ်ဝန်းကျင်က
သူ့ကိုဘယ်လိုပဲattention
ပေးနေကြပါစေထိုယောင်္ကျား
ပျိုသည်သူအလိုရှိရာအရပ်သို့
တစ်စိုက်မက်မက်သွားနေဆဲသာ။ထိုသူရောက်လာသည်က
သားဖွားမီးယပ်ဆောင်ပင်..။"Booking
တင်ထားပါသလားရှင်"ကောင်တာက nurseသည်
တာဝန်အရမေးမြန်းခြင်းကို
လုပ်ဆောင်သည်။"လုပ်ထားပါတယ်
ဂျွန်ဂျောင်ကုပါ""အာ..ဟုတ်ကဲ့
ဒါဆိုဝင်သွားလို့ရပါပြီရှင်"ဂျောင်ကုလည်း
ကောင်တာကNurse
ညွှန်ပြသောအခန်းသို့
ဝင်သွားလိုက်သည်။ဒီကိုလာတဲ့
ရည်ရွယ်ချက်က
တစ်ခုတည်း။
ဟန်နီနဲ့ဂျောင်ကုရဲ့
ရင်သွေးလေးရရန်
အတွက်သာ..။ဟန်နီ့ကိုပြောလည်း
လက်မခံမယ့်အတူတူ
ဂျောင်ကုဘက်ကပဲ
ဆက်လုပ်ရန်စဉ်းစား
ထားသောကြောင့်အခုလို
နာမည်ကြီးသည့်အထူးကု
ဆေးရုံသို့လာခြင်းဖြစ်၏။"Mr.Jeonလာဗျာ
ကျတော်တောင်စောင့်
နေသေးတာ"ဂျောင်ကုလည်း
ဆရာဝန်ကြီးအရှေ့တွင်
ဝင်ထိုင်လိုက်ပြီး.."ကျတော်သိချင်တဲ့
အကြောင်းကဖုန်းထဲမှာ
ပြောခဲ့သလိုပါပဲယောင်္ကျား
လေးကလေးယူတာအဆင်
ပြေနိုင်လောက်လား?ပြီးတော့
ဘယ်လိုနည်းနဲ့ယူရင်ကော
ရနိုင်လဲကျတော်သိချင်တယ်"