|| 16 ||(Final)

7.7K 442 48
                                    

"နိုရာ! မိုရာ! ဘယ်ရောက်နေကြတာလဲ!!"

ထယ်ယောင်း အသံပြုလိုက်လျှင်
လုံးတုံးလုံးတုံးနဲ့ခပ်လှမ်းလှမ်းမှ
ပြေးလာသော အမြွှာလေးနှစ်ယောက်..။

သူ့ထက်ငါ အရင်ရောက်‌အောင်
ပြေးလာကြတာများ ပါးဖောင်းဖောင်း
လေးတွေက တုန်နေကာအအေးဒဏ်
ကြောင့်လည်းနီရဲနေ၍ အိုး‌ပေါ်ကချကာစ
ဖက်ထုပ်လေးလိုဖြစ်နေသည်။

"ရောက်ပါပြီ..ပါးပါး"

"နာအရင်ရောက်တာယေ
မိုမိုယဲ ရောက်ပါပြီပါးပါး"

ထယ်ယောင်း အရှေ့သို့ရောက်တာနဲ့
နှစ်ယောက်သားကအချင်းများနေကြပြန်သည်။

"ပါးပါးဘာမှာထားလဲ ခြံထဲမှာပဲဆော့
ခြံပြင်မထွက်ပါနဲ့လို့! ဘာလို့ပါးပါးစကား
နားမထောင်ရတာလဲ! ပါးပါးရိုက်ရမှာလား"

"ဟင့် အဲ့တာ မိုမိုခေါ်ရို့တားက
လိုက်သွားရတာပါ"

"နိုနိုနော် ! ဘာဂိုလာလွှဲချနေရာယဲ"

"တော်တန်တိတ်! နှစ်ယောက်လုံး
လက်ဆေးမယ် ပြီးရင်အိမ်ထဲဝင်ပြီး
စာလုပ်တော့ ရန်ဖြစ်သံမကြားချင်ဘူးနော်"

"ဟုတ်"

ထယ်ယောင်း ပြောလိုက်တော့လည်း
မျက်နှာငယ်လေးတွေနဲ့ ထွက်သွားကြပြီး
ခနနေတော့ ရယ်သံလွင်လွင်လေးတွေ
ထွက်လာကြသည်။

ဂျွန်နိုရာနဲ့ ဂျွန်မိုရာဆိုတာ
ထယ်ယောင်း ကိုယ်တိုင်မွေးထားရတဲ့
ထယ်ယောင်းရဲ့ရင်သွေးလေးနှစ်ယောက်ပင်။

အတိတ်နေ့ရက်များဆီတုန်းက
လက်သင့်မခံနိုင်ဘဲ ရှောင်ပြေးခဲ့သည်။

ဘယ်လောက်တောင်
ဆိုးရွားခဲ့လည်းဆို ချစ်စရာကောင်းတဲ့
အပြစ်မရှိတဲ့ကလေးနှစ်ယောက်ကို
ဖြတ်ချရန် အထိရည်ရွယ်ခဲ့မိတယ်။

ဖခင်ဖြစ်သူကို မုန်းတာနဲ့
ဖြူစင်တဲ့ကလေးတွေမှာ
အပြစ်မရှိသည်မို့ ထယ်ယောင်း
ကိုယ်တိုင်လူ့လောကထဲသို့ ခေါ်ယူခဲ့ကာ
မျိုးရိုးကိုလည်း မုန်းပေမယ့်လည်းသူ့မျိုးရိုး
ကိုသာပေးခဲ့ပါသည်။

အခုဆိုအမြွှာလေးနှစ်ယောက်က
၂နှစ်ရှိပြီဖြစ်ပြီး ထယ်ယောင်းသည်လည်း
လူသိပ်မသိသည့် ဒယ်ဂူမြို့ကရွာလေးတစ်ရွာ
မှာဇာတ်မြုပ်နေခဲ့တာ ၂နှစ်ကျော်ခဲ့ပါပြီလေ..။

You've reached the end of published parts.

⏰ Last updated: May 26, 2022 ⏰

Add this story to your Library to get notified about new parts!

Belief√Where stories live. Discover now