တီရှပ်လက်ရှည်အမဲကိုဝတ်ထားပြီး
တံတောင်ဆစ်အထိခေါက်တင်ကာ
ကားကိုမှီ၍စောင့်နေသည့်မောင့်၏
မျက်နှာသည်တင်းမာလျက်ရှိသည်။မောင်ကုမ္ပဏီမှာဘာများဖြစ်ခဲ့လဲမသိပါ။
ဒီနေ့မောင်ဟာပြောင်းလဲနေသည်။
အရင်ကဆိုထယ်ယောင်းရုံးခန်းအထိ
လာခေါ်တတ်သည့်မောင်ဟာကားကို
မှီရင်းသာစောင့်နေသည်။ချစ်ရတဲ့သူမို့ထယ်ယောင်းမောင့်ကို
စိတ်ပူမိကာခြေလှမ်းများကမောင့်ရှိ
ရာသို့မြန်ဆန်ကာလှမ်းမိသည်။"မောင်! ရုံးခန်းအထိဘာလို့မလာတာလဲ
နေမကောင်းဘူးလားဟင် မျက်နှာလေး
မလန်းဘူးနော်"ထယ်ယောင်းပြောလိုက်သော်လည်း
မောင်သည်ခံစားချက်မဲ့သလိုသာ
တုန့်ပြန်သည်။"မောင်! ဘာဖြစ်နေတာလဲ"
ထယ်ယောင်းမောင့်လက်ကိုကိုင်ကာ
မေးသော်လည်းမောင်ဟာလက်ကို
ဖြုတ်ချသည်။မောင့်ဆီကဉပေက္ခာသေးသေးလေး
တောင်ထယ်ယောင်းခံနိုင်ရည်မရှိပါ။ငိုချင်လာသောစိတ်ကိုမောင်းထုတ်
ရင်းမောင့်ကိုကြည့်တော့မောင်က
ထယ်ယောင်းကိုစိမ်းကားသည့်
မျက်လုံးဖြင့်ကြည့်နေသည်။"တက်!"
ဟုဆိုကာမောင်ကကားမောင်းသူနေရာ
ဝင်သွားသည်မို့ထယ်ယောင်းလည်း
မောင့်ဘေးနားကနေရာမှာဝင်ထိုင်လိုက်
သည်။ကားပေါ်ရောက်သည်အထိမောင်က
ကားကိုသာမောင်းနေပြီးထယ်ယောင်း
ကိုဘာတစ်ခွန်းမှစကားမဆိုပေ။ဒီလိုအခြေအနေကြီးကိုထယ်ယောင်း
မကြိုက်သည်မို့တိတ်ဆိတ်နေသည့်
လေထုကိုဖြိုခွဲရန်ကြိုးစားမိသည်။"မောင်! ဟန်နီ့ကိုစိတ်ဆိုးစရာရှိလို့လား
ဟင် ၊ ဘာဖြစ်နေတာလဲမောင်ပြောမှ
ဟန်နီသိရမှာပေါ့"ထယ်ယောင်းပြောလိုက်သော်လည်း
မောင်သည်နေမြဲအတိုင်းသာကားကို
ဆက်မောင်းနေသည်။ထယ်ယောင်းမှာတော့မျက်ရည်ဝေ့သီ
ကာမောင့်ကိုငေးကြည့်နေမိတော့သည်။