Unicode
°°°°°°°°°At Second Year of Seoul National University :
"Yrr!!Junkyu မင်းနောက်လကြ မင်းရဲ့ချစ်လှပါသောမိထွေးကြီးဆီသွားရမှာမလား"
"အင်းး ဂျီဟွန်းနား မိထွေးကြီးလို့မပြောစမ်းပါနဲ့ မာမားကငါ့ကိုချစ်ပါတယ်ကွ" ဂျီဟွန်းကတော့တခြားသူမဟုတ် သူနဲ့ငယ်ငယ်လေးကထဲကပေါင်းလာတဲ့ သူ့ရဲ့အမှောင်ဘက်အခြမ်းကိုပါသိထားတဲ့ နောက်ဖေးလမ်းကငယ်သူငယ်ချင်း။ ဂျီဟွန်းကခင်ဖို့ကောင်းတယ် တစ်ခါတစ်လေ သူ့ကိုစိတ်ဆိုးတဲ့အထိ စနောက်တာကလွဲရင်ပေါ့ ပြီးတော့socialလဲတော်"လေးကောင်းတော့သူငယ်ချင်းတွေလဲကိုယ့်ထက်ပေါတယ်(မနာလိုတာ:)"အင်းပါကွာ ငါကဒီတိုင်းပြောလိုက်တာကို"
"ပျော်နေမှာပေါ့Junkyuတို့ တစ်ဦးတည်းသောသားလေးကခုတော့ညီမလေးတစ်ယောက်အိမ်ရောက်လာတော့မှာဆိုတော့?"
"ပျော်တယ်ရယ်တော့မဟုတ်ပေမယ့် ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်"
"မင်းဟာကလဲ လူနားလည်အောင်ပြောစမ်းပါ"
အဲ့လိုပြောလိုက်တော့လဲjunkyuတို့ကနှုတ်ခမ်းကြီးဆူပြီး မျက်စောင်းထိုးနေပြန်ရော
တကယ်သူ့သူငယ်ချင်းလေးကချစ်ဖို့အရမ်းကောင်းတာ သူရှေ့မှာတော့ ချစ်ဖို့ကောင်းတယ် လို့မပြောပါဘူး သူကအစထဲကသူ့ကိုသူအရမ်းချောနေပြီဆိုပြီးဘ၀င်လေဟပ်နေတာဆိုတော့:3"Yrr!!!!! Kim Junkyu Park Jihoon! ခုချက်ချင်းမတ်တပ်ရပ်လိုက်စမ်း!"ရှေ့မှာစာသင်နေသောသင်္ချာဆရာဆီမှအသံ..။
"ဗျာ ဟုတ်..ဟုတ်ဆရာ"ဒီတစ်ခါကတော့လေပေါနေတဲ့သူ့တို့နှစ်ယောက်ဆီမှအလန့်တကြား ဆရာ့ကိုပြန်ထူးလိုက်တဲ့လေသံ။
"ပြောပါဦး ငါဒီလောက်ရှေ့မှာစာသင်နေတာ ဘာတွေများ စိတ်၀င်စားစရာကောင်းတဲ့အကြောင်းတွေပြောနေကြတာတုန်း"
"ဟို ဟိုလေဆရာ ကျွန် ကျွန်တော်တို့.."
"ဘာမှမကြားချင်ဘူး သွား! အဲ့လောက်ပြောချင်နေရင်အခန်းပြင်ထွက်ပြောကြ"
"တွေ့လား အဲ့တာမင်းငါ့ကိုစကားလာပြောလို့ အခုတော့အဆူခံနေရပြီ"မျက်စောင်းထိုးပြီးjunkyuတစ်ယောက်ဂျီဟွန်းကိုကြိမ်းနေပြန်သည်
"သွားလို့ပြောနေတာကို အဲ့နားမှာဘာရပ်လုပ်နေကြပြန်တာလဲ!!!"
"junkyuကောjihoonကော မင်းတို့နှစ်ယောက်လုံးဘယ်လောက်ပဲချမ်းသာချမ်းသာ ကျောင်းကိုဘယ်လောက်ပဲထောက်ပံ့နေ ထောက်ပံ့နေ ငါ့စာသင်ချိန်မှာစကားများနေရင်တော့မင်းတို့အပြစ်ပေးခံရမှာပဲ ကြားလား!"
"ဟုတ်ကဲ့ ဆရာ" ဒီတစ်ခါတော့နည်းနည်းစိတ်ထဲခုသွားသည် ဘာမှမဆိုင်ပဲ ချမ်းသာတာတွေကိုထည့်ပြောသွားတာ သူတို့စကားပြောတာ ချမ်းသာလို့လုပ်ချင်တာလုပ်မယ်ဆိုတဲ့သဘောမျိုးမှမဟုတ်တာ ကျောင်းသားတိုင်းလုပ်ဖူးကြမှာပဲကို စကားများလိုက်မိတာနဲ့ ချမ်းသာလို့လုပ်ချင်ရာလုပ်နေတယ်ထင်နေလားမသိ။