unicode_
''ဟျောင်း''
''အင်း''
သူတို့အခုရောက်နေတာ ကျောင်းရဲ့ဘောလုံးကွင်းပြင်ဘေးပတ်လည်မှာရှိတဲ့အုတ်ခုံတန်းတွေပေါ်မှာဖြစ်သည်။နှစ်ယောက်သားခြေထောက်တွေကိုဆန့်ထုတ်ထားပြီး မာရှီကတော့ဆန့်ထားတဲ့ဒူးပေါ်ကိုယ်ကိုကိုင်းပြီးလက်တွေကိုဆန့်ထုတ်ထားသည်။ပတ်ဂျီဟွန်းကတော့ လက်နှစ်ဖက်ကိုနောက်ပစ်ပြီးထောက်ထားသည်-ညာခြေထောက်ပေါ်ဘယ်ခြေထောက်ထပ်တင်ထားရင်း။
ထို့နောက်-
''ဟို ဟိုကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ်''
''ဘာအတွက်လဲ''
ရုပ်ကိုတည်ထားရင်း မာရှီ့ဘက်မျက်နှာလှည့်ရင်းမေးလာသည်။
''ကျွန်တော်ကဂျီဟွန်းဟျောင်းဆီက သူ့ကိုလုမိသလိုဖြစ်သွားတယ်မလား''
ဂျီဟွန်းဟျောင်းက မျက်နှာကိုရှေ့ပြန်ပို့ရင်း တိတ်ဆိတ်နေတာမို့ ဘာဆက်ပြောရမလဲဆိုတာ ဦးနှောက်ထဲအပြေးအလွှားစဥ်းစားနေရသည်။
''မလိုပါဘူး''
''ဗျာ''
''ငါ့ဘက်ကသာသူ့ကိုကြိုက်နေခဲ့တာမှန်ပေမယ့် သူကမင်းနေရာမှာငါသာဖြစ်နေခဲ့ရင်သေချာပေါက်ငြင်းမှာ..''
''ဟို-"
''ဘာလို့ဆိုငါတို့ကငယ်ငယ်ကတည်းကခင်လာတဲ့သူငယ်ချင်းတွေမို့လို့''
မာရှီတိတ်ဆိတ်သွားမိသည်။အောက်နှုတ်ခမ်းကိုခပ်ဖွဖွဖိကိုက်ရင်း မျက်လုံးတွေကိုဂျီဟွန်းဟျောင်းနဲ့မဆုံမိအောင်ရှောင်လွဲရင်းပေါ့။
''ငါကလေ သူ့ကိုအမြဲပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေစေချင်ခဲ့တာ..သူငယ်ချင်းဆိုတဲ့အကန့်ကြောင့် မဖြစ်နိုင်မှန်းသိပေမယ့် ငါ..ငါဘယ်ကနေသူ့ကိုစသဘောကျသွားမိမှန်းမသိခဲ့ဘူး..ဒါပေမယ့် သိလိုက်တဲ့အချိန်မှာ ငါ့ကိုယ်ငါတောင်မယုံနိုင်တာကွာ ပြီးတော့ကြောက်နေခဲ့တာ သူစိတ်ပျက်သွားမှာကို"
ပြောသမျှကို ဒီအတိုင်းလေးနားထောင်လိုက်ဖို့သာစိတ်ထဲတွင်ရှိနေတာမို့ ခေါင်းလေးသာတညိတ်ညိတ်။