Unicode
°°°°°°°°°မနက်ခင်းနေရောင်ခြည်မထွက်သေးတဲ့ ကောင်းကင်ကြီးသာအပြာရောင်သန်းပြီး ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။ အိမ်ရှေ့လမ်းမကိုတောင် မြူတွေဆိုင်းလို့ အရောင်ဖျော့ဖျော့လေးသာမြင်ရတဲ့အချိန် Junkyuတစ်ယောက် Japanကိုသွားဖို့ပြင်ဆင်နေတာ အချိန်အားဖြင့် မနက်၄နာရီ...။
၉နာရီမထိုးခင် Airportကိုအမှီသွားရမှာမို့ မြန်မြန်သုတ်ချေတင်ပြင်နေရသည်။ အခုလိုဖြစ်နေရတာတွေက မနေ့က ဟိုကောင်တွေကျေးဇူးကြောင့်ပေါ့။မဟုတ်ရင် မနေ့ထဲကပြင်ဆင်ပြီး အခုချိန်အေးဆေးမှေးနေလို့ရသေးသည်။ အကုန်ပြန်ဆင်ပြီး နာရီကိုလှမ်းကြည့်တော့ နေထွက်လို့ 8:15 ။ဘာပစ္စည်းပစ္စယမှ မကျန်အောင်ပြန်စစ်ပြီး 8:26 မှာလေဆိပ်ကိုအမှီထွက်လာခဲ့လိုက်သည်။
လေဆိပ်ရောက်တော့ ကောင်မလေးအများစုက သူ့ကိုကွက်ကြည့်ကွက်ကြည့်နှင့်။ကြည့်လဲကြည့်ချင်စရာပဲကို သူ၀တ်ထားတာ sky blue hoodie နဲ့ jean pant.. ဘာမှထွေ"ထူး"မ၀တ်ထားပေမယ့် သူ့airport fashionကသူနဲ့ချစ်စရာလေးဖြစ်နေသည်။စိတ်ထဲတွင်လဲ *တွေ့လား အင်္ကျီကအဓိကမဟုတ်ပါဘူးဆို လူချောနေရင်ဘာ၀တ်၀တ်ချစ်စရာလေးကိုဖြစ်နေရော* လို့တစ်ယောက်ထဲတွေးပြီး စိတ်ထဲကြိတ်ကျေနပ်နေမိသည်။
Airportမှာရှိတဲ့ခုံတန်းလေးမှာ ထိုင်စောင့်ရင်း ခြေလေးကိုလှုပ်စိလှုပ်စိ လုပ်နေမိသည်..ပြောရမယ်ဆို စိတ်လှုပ်ရှားလို့ပေါ့ ။တစ်သက်နဲ့တစ်ကိုယ် အခုမှဂျပန်ကိုအလည်သွားရမှာဆိုတော့ ပြီးတော့လဲ သွားတာကတစ်ယောက်ထဲ။ဟိုရောက်ရင်ဘာလုပ်မယ် ဘယ်သွားမယ် နဲ့တွေးပြီးပျော်နေတုန်း....
"Ting~Tong...Japan,Tokyo သို့ထွက်ခွာတော့မည့်ခရီးသည်များ မကြာမီလေယာဥ်ဆိုက်ရောက်တော့မည်ဖြစ်သောကြောင့် *****"
____________
လေယာဥ်ပေါ်အရောက် ပစ္စည်းတွေကိုသူ့နေရာနှင့်သူချပြီး မှန်ပြတင်းပေါက်ရှိတဲ့ဘက်အခြမ်းမှာထိုင်ရတော့ ဘေးနားကိုရောက်လာတဲ့ နိုင်ငံခြားသူလေးတစ်ယောက်။"Hi!!Nice to meet you!"
"Arr Hi! Nice to meet u too"ရုတ်တရက်ဆိုတော့လန့်ပြီး လက်လေးပြပြီးနှုတ်ဆက်လိုက်သည်။အရင်ထဲကအင်္ဂလိပ်စာကောင်းကောင်းမရပါဘူးဆို ပြသနာပဲ။တော်ပါသေးရဲ့ သူကနှုတ်ဆက်ရုံလေးပဲလုပ်ပြီးဟိုဘက်ပြန်လှည့်သွားလို့။