Unicode
°°°°°°°°°ဘာလိုလိုနဲ့ဒီလကျောင်းစာမေးပွဲလဲနီးလာပြီ.. ရက်အားဖြင့် ၃ ၄ရက်လောက်သာလိုတော့သည်မို့ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများအချိန်ပြည့်ရှိနေတတ်သည် အားလပ်ချိန်တွင်လဲအရင်လို အားကစားခန်းမထဲတွင် ကျောင်းသားကျောင်းသူများ အားကစားလုပ်ခြင်းနည်းလာသည် အကြောင်းကတော့ အားကစားအချိန်ကိုပါစာလုပ်ခြင်းအတွက်ဖြည့်ယူလိုက်ကြသောကြောင့်ပင်။ တချို့သော အားကစားသမားများသာကွင်းထဲတွင်ရှိနေတတ်ပြီး ကျောင်းစာကြည့်တိုက်နဲ့ကျောင်းစာသင်ခန်းတွင်းလူစည်ခြင်းကတော့ ကျောင်းစာမေးပွဲနီးတိုင်းဖြစ်လေ့ဖြစ်ထရှိသော အရာတွေပင်ဖြစ်နေသည်။
Junkyuတို့အုပ်စုကတော့ ကျောင်းစာသင်ခန်းထဲမှာသာစာလုပ်ဖြစ်ကြသည်။ "ကျောင်းစာကြည့်တိုက်မှာဆိုလူများတယ်"
"အာရုံနောက်တယ် အခန့်မသင့်ရင် စီနီယာအမကြီးတွေနှောင့်ရှက်တာလဲခံရင်ခံရမှာ"
"ဟုတ်တယ် ငါလဲမသွားဘူးနော် အမကြီးတွေကအတင်းကပ်ပြီးကိုနှောင့်ရှက်တာ"
"တော် တော် ငါလဲမသွားနိုင်ဘူး" အဲ့လိုအဲ့လိုနဲ့ပဲ ကျောင်းစာသင်ခန်းထဲမှာသာစာလုပ်ဖြစ်ကြပြီး ညနေJunkyuတို့အိမ်မှာလူစုပြီးစာထပ်လုပ်ဖို့ပြောကြသည်"ကဲ နှုတ်ဆက်ကြ အားလုံးပဲ မင်္ဂလာပါ!! စာမေးပွဲရက်ကလဲသိပ်မလိုတော့ဘူးဆိုတော့ စာတွေသေချာလုပ်ထားကြနော်။ ဪ နေဦး သေချာလုပ်ကြဆိုလို့ စာတွေကျက်ပြီး ပုစ္ဆာတွေပါအလွတ်တွေမကျက်ကြနဲ့ဦးနော်"
ဆရာထွက်သွားတာနဲ့ အခန်းထဲမှာကျောင်းသားတွေစာအုပ်ကြီးထိုင်ကြည့်ပြီးညီးတဲ့သူညီးစာရပြီဖြစ်ကြောင်းပြောသူကပြောနဲ့ ဆူညံနေတော့သည် ။
"အာ ဘာတွေလဲ ဒါလားစာ?"
"ဒါကစာတွေရောဟုတ်ရဲ့လား??"
"မင်းတို့တွေကလဲ လွယ်ပါတယ်ကွာ စာတွေကသေချာလုပ်ရင်မခက်ပါဘူး!"
"ငါလဲmathမရလို့ လေ့ကျင့်နေပါတယ်ဆို ဘာသာရပ်တိုင်းခက်အောင်လုပ်နေတော့ ဆရာကငါတို့ကိုဆရာတွေများထင်နေလားမသိ?!"
"အားးးရူးချင်တာပဲ ဘာတွေလဲ!!!""တစ်ယောက်တစ်ပေါက်နဲ့ညည်းနေလိုက်ကြတာ ခိုတွေတောင်အရှုံးပေးရမယ်ထင်တယ်"တစ်ခန်းလုံးဆူညံနေတာမို့ အရှေ့ဆုံးတန်းကအတန်းခေါင်းဆောင်ဖြစ်တဲ့YedamကJunkyuတို့အုပ်စုရှိရာနေရာကိုစာအုပ်လေးပိုက်ပြီးပွစိပွစိနဲ့ရောက်လာတော့ Jihoonကနေ
"အံမယ် မင်းကသူများတွေကိုပြောရအောင်မင်းရောရနေပြီမို့လို့လား?"
"အင်း ရတာပေါ့ ဆရာကြီးပဲလေ"
"ဟျောင့် မင်းသစ္စာဖောက်မလုပ်နဲ့နော်"
"ဘာလဲJihoon ငါ့ဘာသာစာလုပ်လို့ရထားတာကို မင်းတို့ကိုသစ္စာမဖောက်ပါဘူးကွာ.."
"အေးပေါ့ အတန်းခေါင်းဆောင်ဖြစ်ပြီးစာမရရင်လဲရှက်ဖို့ကောင်းပါတယ်"YedamစကားကိုJunkyuကကြားဖြတ်၀င်ပြောတော့
"ဒါပေါ့ Junkyuရာ အဲ့ကောင်Jihoonကဒါတွေမသိပါဘူး"
"ဘာကိုမသိရမှာလဲ yedam မင်းရန်လာမစနဲ့နော်!!"
"ရန်မစပါဘူးJihoonရယ် ငါကဒီတိုင်းနောက်တာပါ စိတ်လျော့စိတ်လျော့"